မက်ဒေါနား ဖျော်ဖြေရေး ခရီးစဉ်အား သပိတ်မှောက်ရန် စီစဉ်

alt

မက်ဒေါနား ၏ ဖျော်ဖြေရေး ခရီးစဉ် ကို သပိတ်မှောက် သွားရန် စီစဉ် နေကြောင်း ပိုလန်ရှိ ကက်သလစ် ဘာသာဝင်များ က ကြေညာ လိုက်သည်။

အသက် (၅၀) အရွယ် Pop အဆိုတော် သည် သူမ ၏ ကမာ္ဘလှည့် ဖျော်ဖြေမှု ခရီးစဉ် ကို ပိုလန် နိုင်ငံ တွင်ပါ ပြုလုပ်ရန် ကြိုတင် စီစဉ် ထားသော်လည်း ယခု ကိစ္စကြောင့် ဦးနှောက်ခြောက် ရမည့် အခြေအနေမျိုး ကြံုနေ ရပြီဖြစ်သည်။

၀ါဆောမြို့တော်အတွင်း ဩဂုတ်လ (၁၅) ရက်နေ့တွင် ကျင်းပရန် စီစဉ် ထားသော မက်ဒေါနား ၏ ဖျော်ဖြေ ပွဲကို သပိတ် မှောက်မည် ဟု Assumption of Mary feast အမည်ရှိ ကက်သလစ် ဘာသာဝင် အဖွဲ့အစည်း က အတည်ပြု ထားသည်။

ထို့အပြင် အဆိုပါ အဖွဲ့အစည်း က လျှပ်ပေါ်လော်လီသော အဝတ်အစားများ ဖြင့် ဖျော်ဖြေသည့် မက်ဒေါနား အား ယဉ်ကျေးမှုကို ထိန်းသိမ်းသော အားဖြင့် ပြည်ဝင်ခွင့် မပေးရန်ပင် ပိုလန် အစိုးရ ကို တိုက်တွန်း ထားသည်။ မက်ဒေါနား သည် Sticky and Sweet ဖျော်ဖြေရေး အစီအစဉ် အရ ပိုလန်သို့ လာရောက်မည် ဖြစ်ရာ ထိုတောင်းဆိုမှုအတွက် ခရစ်ယန် ဆန့်ကျင်ရေးသမားများနှင့် မက်ဒေါနား၏ အစွန်းရောက် ပရိသတ်များက အဆိုပါ အဖွဲ့ နှင့် ပြဿနာများ ဖြစ်လာ နိုင်ဖွယ် ရှိသည်။

မက်ဒေါနား ၏ ဖျော်ဖြေမှု ကို ကက်သလစ် ဘာသာဝင်များ က ဆန္ဒပြမှု သည် ယခုအကြိမ် ပထမဆုံး မဟုတ်ဘဲ မေလ အတွင်း ကလည်း ရုရှား ကက်သလစ်များ သည် အစိုးရ အား မက်ဒေါနား ၏ ဖျော်ဖြေပွဲ ကို ခွင့်မပြုရန် တောင်းဆို ခဲ့ကြ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here