နိုင်ငံတကာ တေးဂီတ ပွဲတော် ရန်ကုန်တွင် ကျင်းပ

alt

ရန်ကုန်မြို့ ပြင်သစ် သံရုံး ၌ နိုင်ငံတကာ တေးဂီတ ပွဲတော်ကြီး တခုအား ယနေ့ စနေနေ့ တွင် ကျင်းပ ပြုလုပ် သွားကြောင်း ရန်ကုန် မှ လာသော သတင်းများ အရ သိရှိ ရသည်။

မြန်မာ၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှား နိုင်ငံ တို့ မှ တေးဂီတ ပညာရှင်များ အမေရိကန် စင်တာ နှင့် ဗြိတိသျှ ကောင်စီ တို့ တွင် ဖျော်ဖြေကြသည်ဟု ဤ ပွဲ အား ဦးဆောင် ကျင်းပသော ပြင်သစ် သံရုံးမှ ထုတ်ဖေါ် ပြောဆို လိုက်ပြီး၊ ပွဲတော်၏ ဒုတိယနေ့ အဖြစ် တနင်္ဂနွေနေ့ တွင် အင်းလျားလိတ် ဟော်တယ် တွင် ဆက်လက် ကျင်းပမည် ဟု သိရှိ ရသည်။

ယင်းပွဲတော်တွင် ကမာ္ဘကျော် ပြင်သစ် ဂျပ်(စ်) တေးဂီတ ပညာရှင် Franck Mdioni နှင့် စန္ဒယား ပညာရှင် စတီဗင် အိုလီဗါ တို့ တွဲဖက် ဖျော်ဖြေကာ ထို ခေါင်းစဉ် အောက်မှာပင် “Cine-concert” ဟု အမည် ရသော တင်ဆက်မှု သဏ္ဍာန်ကွဲ ဖြစ်သော “The Unknown” အသံတိတ် ရုပ်ရှင်အား ပြသ ၍ စန္ဒယားပညာရှင် အိုလီဗါမှာ နောက်ခံ တီးခတ် ဖျော်ဖြေ သွားခဲ့သည်။

ယခု လ အတွင်း မှာပင် ပြင်သစ် သံရုံး က ဦးစီး ကျင်းပသော ပြင်သစ် နိုင်ငံသား မဟုတ်သူများ အပျော်တမ်း တေးဂီတ သီချင်းဆို ပြိုင်ပွဲကျင်းပ ( အသက် ၁၅ နှစ်မှ ၄၀ ကြား) သွားခဲ့ သေးကြောင်း သိရှိ ရသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here