အီရန် ရွေးကောက်ပွဲများ စတင် ကျင်းပ

alt

အီရန် နိုင်ငံ တွင် သမ္မတ မိုဟာမက် အာမက်ဒီနီဂျက် ၏ အနာဂတ် ကို အဆုံးအဖြတ် ပေးမည့် ရွေးကောက်ပွဲများ စတင် နေပြီ ဖြစ်သည်။

ဇွန်လ (၁၂) ရက်နေ့ က အီရန် အမျိုးသားများ သည် အာမက်ဒီနီဂျက် နောက်ထပ် (၄) နှစ်သက်တမ်း ရွေးချယ် ခံရခြင်း ရှိမရှိကို စီရင်ချက် ချရန် မဲရုံများ တွင် တန်းစီပြီး မဲပေး နေကြကြောင်း သတင်းများ က ဖော်ပြခဲ့သည်။

အီရန် နိုင်ငံရေး အကဲခတ်များ က အာမက်ဒီနီဂျက် သာ ထပ်မံ အရွေးချယ် ခံရပါက အီရန် အား အမေရိကန်က ပိတ်ဆို့မှု များ အရှိန်မြှင့် ဆောင်ရွက် လာနိုင်ပြီး ၎င်း အနိုင်မရလျင်မူ အမေရိကန် နှင့် ဆက်ဆံရေး တိုးတက် လာနိုင်ကြောင်း သုံးသပ် ထားကြသည်။

တီဟီရန် တွင် အာမက်ဒီနီဂျက် ကို ထောက်ခံသူများ ရော၊ မထောက်ခံသူများ ပါ တီဟီရန် မြို့တော်တွင် ဆန္ဒပြမှုများ ပြုလုပ် ခဲ့သလို မငြိမ်သက်မှု အချို့ ပေါ်ပေါက် ခဲ့သော်လည်း မဲပေး သည့်နေ့ တွင် စနစ်တကျ သေဝပ်စွာ တန်းစီ မဲပေးခဲ့ ကြကြောင်း သိရှိ ရသည်။ ရွေးကောက်ပွဲ တွင် အာမက်ဒီနီဂျက် ၏ အဓိက ပြိုင်ဘက် အဖြစ် ရပ်တည်နေသော ဟိုစိန်မူ ဆာဗီ အတွက်လည်း မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ပြီး အီရန် ရွေးကောက်ပွဲ မှာ ရလဒ်ပိုင်း အတွက် ကြိုတင် ခန့်မှန်း နိုင်ခြင်း မရှိကြောင်း မဲပေး သူများ က ဆိုသည်။

တီဟီရန် တွင် ရောက်ရှိ နေသော နိုင်ငံတကာ သတင်းထောက်များ က မဲရုံတိုင်း တွင် မဲပေးသူ (၁၀၀) ထက်မနည်း တန်းစီ စောင့်ဆိုင်း နေသည် ကို တွေ့မြင် ခဲ့ရကြောင်း သတင်း ပေးပို့ ခဲ့ကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here