ထိုင်း နိုင်ငံ တောင်ပိုင်း အကြမ်းဖက်မှု ဗုဒ္ဓဘာသာ ဘုန်တော်ကြီး ပျံလွန်တော်မူ

alt

ထိုင်း နိုင်ငံ တောင်ပိုင်း တွင် ဆက်လက် ဖြစ်ပွား နေသော အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး ပျံလွန်တော်မူ ကြောင်း ထိုင်း ရဲတပ်ဖွဲ့ က ဇွန်လ (၁၂) ရက် နေ့ က အတည်ပြု ပြောကြား လိုက်သည်။

မလေးရှား နှင့် နယ်နိမိတ် ထိစပ် နေပြီး မွတ်ဆလင် တို့ အများဆုံး နေထိုင်သည့် အဆိုပါ ဒေသ သည် ငြိမ်းချမ်းမှု မရှိဘဲ အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် (၅) နှစ်တာ ကာလအတွင်း လူ (၃၅၀၀) မျှ သေဆုံး ခဲ့ပြီး ဖြစ်သည်။

ယခု ဘုန်းတော်ကြီး သည် သေနတ် ဖြင့် ပစ်ခတ် ခံရပြီး ပျံလွန် ခဲ့ခြင်း ဖြစ်သည်။ အားကစား ၀တ်စုံများ ၀တ်ဆင် ထားသော အကြမ်းဖက် သမား အချို့ တို့သည် ယာလာရှိ ရွာ ဘုန်းတော်ကြီးကျောင်း တစ်ခု အတွင်းသို့ ၀င်ရောက်ကာ ဘုန်းတော်ကြီး အား ပစ်သတ်ပြီး အလှူခံ ပစ္စည်းများ ကို ယူဆောင် သွားကြောင်း သိရ သည်။

ဇွန်လ (၈) ရက်နေ့က ဗလီ တစ်ခု တွင်လည်း အလားတူ ပစ်ခတ်မှုမျိုး ဖြစ်ပွားခဲ့ပြီး လူ (၁၁) ဦး သေဆုံး ခဲ့ သေးရာ ယခု ဖြစ်ရပ်ကြောင့် မွတ်ဆလင် နှင့် ဗုဒ္ဓဘာသာဝင်များ ကြား အပြန်အလှန် ကလဲ့စားချေ သတ်ဖြတ်မှုများ ဖြစ်ပေါ် လာမည်ကို ထိုင်း အစိုးရ က ပူပန် လျက် ရှိသည်။ ထိုင်း အစိုးရ က ယခု ဖြစ်ရပ်များ အတွက် ကြိုးကိုင်နေသော အဖွဲ့အစည်း ကို စုံစမ်း ဖော်ထုတ်ရန် ကြိူးပမ်း နေသည့် တိုင် အတည်ပြု နိုင်ခြင်း မရှိသေး ဟု ၀န်ခံ ထား သည်။

နာရာသီဝပ် နှင့် အနီးတဝိုက် ဒေသများ တွင် ထိုသို့သော အပြန်အလှန် ပစ်ခတ်မှုများ ကြောင့် မွတ်ဆလင် နှင့် ဗုဒ္ဓဘာသာဝင်များ ကြား မကျေလည်မှုများ ပေါ်ပေါက် လျက် ရှိကြောင်း ဒေသခံများ က သတင်းထောက်များ ထံ ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here