H1N1 ကမ္ဘာ့ကပ်ရောဂါ အဆင့်သို့ ရောက်ရှိ

alt

ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က လက်ရှိ ပြန့်နှံ့ နေသော H1N1 တုပ်ကွေး ကို အဆင့် (၆) သို့ သတ်မှတ်ကြောင်း ဇွန်လ (၁၁) ရက် နေ့က အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် H1N1 သည် ကမာ္ဘလုံး ဆိုင်ရာ ကပ်ရောဂါကြီး အဖြစ် မှတ်တမ်းဝင် သွားပြီ ဖြစ်သည်။ ထိုသို့ အဆင့် (၆) သတ်မှတ် ရခြင်း သည် WHO အတွက် (၄၁) နှစ်အတွင်း ပထမဆုံး ဖြစ် သည်။

ထို့အပြင် H1N1 သည် (၂၁) ရာစု၏ ပထမဆုံး ကပ်ရောဂါ ဖြစ်လာကြောင်း လည်း သိရ သည်။ ဂျနီဗာ တွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး အပြီး WHO အကြီးအကဲ ဒေါက်တာ မာဂရက်ချန်း က H1N1 သည် ကူးစက်နှုန်း အလွန် မြန်ဆန်သဖြင့်သာ ကပ်ရောဂါ အဖြစ် သတ်မှတ် ထားသော်လည်း လူသေမှုနှုန်း တွင် စိုးရိမ်လောက်သော အနေအထား မရှိသေး ဟု လည်း ပြောကြား ခဲ့သည်။ သူမ အနေ နှင့် ထိုကဲ့ သို့ အဆင့် (၆) တိုးမြှင့် ရန် သင့်မသင့် ကို ရက်ပေါင်း အတော်ကြာ အချိန်ယူ စဉ်းစားပြီး မှ ဆုံးဖြတ် ခဲ့ခြင်း ဟုလည်း ဒေါက်တာ ချန်း က ဆိုသည်။

လက်ရှိ ကြံုနေ ရသော H1N1 ကူးစက်မှုများ အရ ရောဂါ ကူးစက်ခြင်း ခံရသူများ သည် တုပ်ကွေး ရောဂါ မှ ဝေဒနာများ ကိုသာ ခံစား ရပြီး မကြာမီ ပျောက်ကင်း သွားတတ် ကြောင်း ဒေါက်တာချန်း က ရှင်းပြ ခဲ့သည်။ လက်တလော အနေအထား အရ ကမာ္ဘ နှင့် အဝှမ်း H1N1 ကူးစက်ခံရသူ (၃၂၀၀၀) ကျော် ထိ ရှိ နေပြီး လူပေါင်း (၁၇၅) ဦး ထက်အနည်း ထို ရောဂါ ဖြင့် သေဆုံး ခဲ့ကြောင်း သတင်း ရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here