အီရန် ရွေးကောက်ပွဲ ရလဒ်အား အမေရိကန် စောင့်ကြည့်

alt

အမေရိကန် အစိုးရ အနေ နှင့် အီရန်တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲ ရလဒ် အပေါ် အသေအချာ အာရုံစိုက် စောင့်ကြည့် နေကြောင်း သိရသည်။

သမတ ဘာရက်အိုဘားမား ၏ ရုံးအဖွဲ့ သည် အီရန် သမတ မိုဟာမက် အာမက်ဒီနီဂျက် နောက်တကြိမ် သမတ အဖြစ် ရွေးချယ်ခံရပြီး ဖြစ်ပေါ်လာမည့် ဆင့်ကဲ ရလဒ်များအား ပူပန်လျှက် ရှိသည်။

လက်ရှိ အချိန်တွင် အီရန်နိုင်ငံ၊ တီဟီရန် မြို့တော်တွင် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ဂယက်မျိုးစုံ ရိုက်ခတ်နေဆဲ ဖြစ်ပြီး သမတ အာမက်ဒီနီဂျက်၏ မဲဆွယ်မှုများကို ၎င်း၏ ပြိုင်ဘက်များထက် အခွင့်အရေးပေး ထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြား ဌာန တခုကို ပြည်သူလူထု ထောင်နှင့်ချီပြီး ကန့်ကွက် ဆန္ဒပြမှု တခု ဖြစ်ပွားခဲ့သေးသည်။

ထို့ကြောင့် လက်ရှိ နိုင်ငံ့အာဏာကို အာမက်ဒီနီဂျက် က အပြည့်အဝ ချုပ်ကိုင် ထားသော်လည်း ပြိုင်ဘက် ပါတီများ အတွက် အခွင့်အရေး ရှိနေသေးကြောင်း ထင်ရှား စေခဲ့သည်။ အီရန်အရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည့် ကာရင်ဆက်ဂျက်ပေါ က သမတ ရွေးကောက်ပွဲ နီးကပ် လာလေလေ၊ သဘောထား ကွဲလွဲမှုများ ကြီးထွား လာလေလေ ဟု သုံးသပ် ခဲ့သည်။

အမေရိကန်က အာမက်ဒီနီဂျက် နောက်တစ်ကြိမ် ရွေးကောက် ခံရပါက အီရန်ကို ပိုမိုဖိအား ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း ကို စည်းရုံးရာတွင် လွယ်ကူမည်ဟု မျှော်လင့်လျှက် ရှိသည်။ ထို့အပြင် သမ္မတ ရွေးကောက်ပွဲ တွင် အာမက်ဒီနီဂျက် အနေနှင့် တဖက်သတ် ဆန်ဆန် ပြုကျင့် နိုင်ခြင်း မရှိဘဲ မျှမျှတတ ဖြစ်နေမည် ဟု အမေရိကန် က မျှော်လင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here