ပြင်သစ် ခရီးသည်တင် လေယာဉ် ပျက်ကျမှု အကြောင်းရင်း ရှုပ်ထွေး

alt

မေလ ကုန်ပိုင်းက အတ္တလန္တစ် သမုဒ္ဒရာ အတွင်း ပျက်ကျသွားသည့် ပြင်သစ် လေကြောင်း ခရီးစဉ် အမှတ် (၄၄၇) ၏ ဖြစ်ရပ်အပေါ် ခြေရာခံ နေသည့် ကျွမ်းကျင်သူများ အတွက် လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို ခြေရာခံ ရာတွင် ရှုပ်ထွေးမှုများ တွေ့ကြံုနေဆဲ ဖြစ်သည်။

လျှပ်စစ် မုန်တိုင်း နှင့် ထိခိုက်မိခြင်း၊ မြန်နှုန်း တိုင်းတာသည့် စနစ် ချို့ယွင်း သွားခြင်း စသဖြင့် ထင်ကြေး အမျိုးမျိုး ပေးနေသည့် နောက် ယခုအခါ လေယာဉ်ပေါ်ပါ ခရီးသည် စာရင်းတွင် အကြမ်းဖက် သမားများ နှင့် ဆက်စပ်နေသူ (၂) ဦး ၏ အမည်ကို ဖော်ထုတ် တွေ့ရှိ ပြီးနောက် လေယာဉ် ပျက်ကျမှုသည် (၉/၁၁) ဖြစ်ရပ်ဆိုး ကဲ့သို့ လေယာဉ်ကို အကြမ်းဖက် စီးနင်းမှုနှင့် ပတ်သက် နေမည်လောဟု သံသယ ရှိလာကြ ပြန်သည်။

နောက်ဆုံး တွေ့ရှိမှုများ အရ ခရီးသည် (၂၂၈) ဦး လိုက်ပါလာသော လေယာဉ်သည် လေထဲ တွင် ပျံသန်းနေဆဲ မှာပင် ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိလာခဲ့ရ သလို ပြင်သစ် အထူးထောက်လှမ်းရေး ကလည်း မွတ်ဆလင် စစ်သွေးကြွ အကြမ်းဖက် သမားများ နှင့် ဆက်နွယ်မှု ရှိသော ပုဂ္ဂိုလ်နှစ်ဦး လေယာဉ်ပေါ်တွင် လိုက်ပါ လာကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ယခုအခါ ပြင်သစ်ရေတပ်မှ ရေငုပ်သင်္ဘော (၂) စင်းသည် လေယာဉ် ၏ အချက်အလက်များ ကို မှတ်တမ်း တင်ထားမည့် သေတ္တာနက်များ ကို သမုဒ္ဒရာ ကြမ်းပြင်တွင် လိုက်လံ ရှာဖွေနေပြီး ၎င်း မတိုင်မီတွင် တိကျသော ကောက်ချက်များ ချမှတ်နိုင်ရန် ခက်ခဲနေဦးမည်သာ ဖြစ်သည်။

ပြင်သစ် အစိုးရကမူ ယခု အခြေအနေများ အရ အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်ပွား ခဲ့သည်ဆိုသော ကောက်ချက်မှာ လက်ခံနိုင်သော အနေအထားတွင် ရှိနေကြောင်း ပြောကြား ထားသည်။ ယခု အချိန်ထိ သေဆုံး သွားသူများ၏ အလောင်းများ အနက် ရုပ်ကြွင်း (၄၁) ခုအထိ ရှာဖွေတွေ့ ရှိထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here