ဒေါ်စု အမှုအား ဇွန် ၂၆ ရက်နေ့သို့ ရုံးချိန်းရွှေ့

alt

ဒေါ်အောင်ဆန်းစုကြည် အမှု အတွက် ငြင်းပယ် ခံထားရသည့် သက်သေ ၂ ဦး အား ဆက်လက် လျှောက်လဲချက် ပေးရန် အတွက် ဗဟိုတရားရုံးချုပ် အား လျှောက်ထားခဲ့ခြင်းကို အကြောင်းပြု၍ ဗဟိုတရား ရုံးချုပ်၏ ဆုံးဖြတ်ချက် (သို့မဟုတ်)​

သက်သေ ထပ်မံတင်သွင်း နိုင်ရန် ရည်ရွယ်ကာ ယနေ့ သောကြာနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် အမှုအား အင်းစိန်ထောင်တွင်း မှ မြောက်ပိုင်းခရိုင် တရားရုံး က ဇွန် ၂၆ ရက် နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်း လိုက်ကြောင်း အမည် မဖေါ်လိုသော အရာရှိတဦးက ပြောကြောင်း အေဂျင်စီ သတင်းများ အရ သိရှိ ရသည်။

ယခု အချိန် အထိ လွှတ်တော်အမတ် ဦးကြည်ဝင်း နှင့် ရှေ့နေ ဒေါ်ခင်မို့မို့ တို့ကို သက်သေ အဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် တို့ ၂ ဦး ကို တိုင်းတရားရုံး အဆင့် က ဆက်လက်၍ ငြင်းပယ် ထားခဲ့ကာ၊ ရန်ကုန်တိုင်း တရားရုံးက ပယ်ချ ခဲ့သည့် သက်သေ ၂ ဦး အတွက် ဗဟိုတရားရုံးချုပ် တွင် ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ဗဟိုတရားရုံး က လျှောက်လဲချက် ပေးရန် မနေ့ နေ့လယ်ပိုင်းက ဇွန်လ ၁၇ ရက် နေ့သို့ ချိန်းဆို ခဲ့သော်လည်း နောက် ပိုင်းတွင် အကန့်အသတ် မရှိ ရက်ရွှေ့ဆိုင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူများထံ အကြောင်းကြား ခဲ့သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here