စီရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ် သို့ ရောက်တော့မည်

alt

ကမာ္ဘ့စံချိန်တင် ပြောင်းရွှေ့ကြေး အဖြစ် ပေါင်သန်း (၈၀) (အမေရိကန် ဒေါ်လာ ၁၃၁.၂ သန်း) ဖြင့် ခရစ်စတီယာနို ရော်နာဒို အတွက် ရီးရဲလ်မက်ဒရစ် ၏ ကမ်းလှမ်းမှုကို မန်ချက်စတာ ယူနိုက်တက် က လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရှိ ရသည်။

မန်ချက်စတာ ယူနိုက်တက် က စပိန် အင်အားကြီး ကလပ် ရီးရဲလ် ၏ ကမ်းလှမ်းမှုကို လက်ခံ လိုက်ကြောင်း အတည်ပြု ခဲ့သလို ကစားသမား ကိုယ်တိုင် က အသင်းမှ ထွက်ခွာ ခွင့်ပြုပါရန် တောင်းဆို ခဲ့သောကြောင့် လက်လွှတ်ရန် ဆုံးဖြတ် ခဲ့ကြောင်း ကြေညာ လိုက်သည်။

ရီးရဲလ် အတွက် ကာကာ အား ခေါ်ယူပြီးနောက် ဒုတိယ ကြယ်ပွင့် အား အောင်မြင်စွာ ခေါ်ယူ နိုင်လိုက်ပြီ ဖြစ်ကာ ရော်နာဒို နှင့် ပုဂ္ဂိုလ်ရေး အသေးစိတ် ညှိနှိုင်းမှုများ အပြီး ယခု လကုန်တွင် စာချုပ်နိုင်ဖွယ် ရှိနေသည်။

မန်ချက်စတာ အသင်းဘက် မှ ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင်အား ရောင်းချရာမှ ရရှိလာသော ငွေကြေးများဖြင့် အသင်း အင်အားကို ပြန်လည် ဖြည့်တင်း သွားမည်ဟု ကတိပြု ထားသည်။

ရော်နာဒို၏ နေရာတွင် အစားထိုးရန် အတွက် မန်ချက်စတာ နည်းပြကြီး ဖာဂူဆန် အနေနှင့် ၀ီဂန် မှ အန်တိုနီယို ဗလန်စီယာ၊ လိုင်ယွန် မှ ကီရန်ဘန်ဇီမာ ၊ ဘိုင်ယန်မြူးနစ် မှ ဖရန့်ရစ်ဘာရီ တို့အား စိတ်ဝင်တစား စောင့်ကြည့် နေကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here