ချစ်သူ နှင့် ပြတ်စဲ လိုက်ပြန်တဲ့ ပဲရစ်ဟီလ်တန်

alt

ပဲရစ်ဟီလ်တန် တယောက် သူမ၏ ချစ်သူ ဒေါက်ရိန်းဟတ် နှင့် ခွာပြဲ သွားပြန်ပြီ ဟု သိရသည်။ အသက် (၂၈)နှစ် ရှိ ဟီလ်တန် သည် ရိန်းဟတ် နှင့် ပတ်သက်မှု လုံးဝ မရှိတော့ကြောင်း သူမ၏ ကိုယ်စားလှယ် ဖြစ်သူ က ဆိုသည်။

ဟီလ်တန် သည် သူမထက် (၄) နှစ်ငယ်သော ရိန်းဟတ် နှင့် (၆) လမျှသာ တွဲခဲ့ပြီး လမ်းခွဲ ခဲ့ခြင်း ဖြစ်သည်။ ဟီလ်တန် ၏ ကိုယ်စားလှယ် က ၎င်းတို့ နှစ်ဦးသည် မိတ်ဆွေများ အဖြစ် ဆက်ရှိ နေမည်ဟု ပြောကြား ခဲ့သော်လည်း လမ်းခွဲခဲ့သည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း ပြောမသွား ခဲ့ချေ။

ဟီလ်တန်သည် ရိန်းဟတ် အား လက်ထပ်ရန် စိတ်ကူးထားကြောင်း လူသိ ရှင်ကြား ပြောဆို ခဲ့သေးသော်လည်း ယခုအခါတွင် လမ်းခွဲခဲ့ပြီဟု ဆိုပြန်သည်။ ထိုကိစ္စအပေါ် ရိန်းဟတ် ဘက်မှ တစုံတရာ ဖြေရှင်းခြင်း အလျဉ်း မရှိသေးပေ။

ယခု အချိန်တွင် ရိန်းဟတ် မှာ MTV အတွက် အစီအစဉ် တစ်ခု လက်ခံရိုက်ကူး ပေးနေပြီး ဟီလ်တန် ကမူ ဒူဘိုင်းတွင် ရောက်ရှိနေပြီး ဟီလ်တန်တို့ စုံတွဲသည် နှစ်ဦးကြား လူမှုရေး ပြဿနာ အချို့ ရှိနေကြောင်းကိုလည်း ဟီလ်တန် ၏ မိတ်ဆွေများ က ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here