အမေရိကန် နိုင်ငံရှိ ဟိုလိုကော့စ် ပြတိုက်တွင် ပစ်ခတ်မှု ဖြစ်

alt

အမေရိကန် ၏ နာမည် အကြီးဆုံး ပြတိုက် တခုဖြစ်သော ဟိုလိုကော့စ် ပြတိုက်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု အတွက် အမေရိကန် သမတ ဘာရက် အိုဘားမား က အလွန်ထိတ်လန့် အံ့ဩ မိကြောင်း ပြောကြား သွားသည်။

ဇွန်လ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တွင် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမား ကို ရဲတပ်ဖွဲ့ က ပစ်ခတ် ဖမ်းဆီး ခဲ့သည်။ ဟိုလိုကော့စ် ဖြစ်ရပ် အတွက် ထိတ်လန့်မိသလို စိတ်မကောင်းလည်း ဖြစ်မိကြောင်း၊ ထို အဆောက်အအုံ သည် အမေရိကန်၏ ပြယုဂ်တခု ဖြစ်ပြီး သေနတ်သမားသည် မည်သည့် အတွက်ကြောင့် ယခုလို ပြုမူသည်ကို မစဉ်းစား တတ်ကြောင်း အိုဘားမား က ဆိုသည်။

အသက် (၈၈) နှစ်အရွယ် ဂျိမ်းဗွန်ဘရွန်း ဆိုသူသည် ပြတိုက် အစောင့်တစ်ဦး ကို ပစ်သတ်ခဲ့ပြီး အခြား တစ်ဦးကို ဒဏ်ရာ ရရှိစေခဲ့သည်ဟု ရဲများက ဆိုသည်။  ဒဏ်ရာ ရရှိခဲ့သူသည့် ဆေးရုံတွင် အဆိုပါ ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ခဲ့သူ ဂျိမ်းအား ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ၎င်းမှာ အလွန် ပြင်းထန်စွာ ဒဏ်ရာရရှိ သွားခဲ့သည်။

အိုဘားမား က ငြိမ်းချမ်းသော၊ နိုင်ငံ့ အမွေအနှစ် တခု ဖြစ်သော နေရာတွင် ယခုကဲ့သို့ ရမ်းကား ပစ်ခတ်မှုကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ သတင်းများ အရ ဂျိမ်းသည် ပြတိုက် အုပ်ချုပ်ရေး အဖွဲ့ နှင့် ရန်ငြိုး အချို့ ရှိပြီး ၎င်းအနေ နှင့် ထို အတွက်ကြောင့် လက်တုန့် ပြန်ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here