မိုက္ကရိုဆော့ဖ် မှ Antivirus အခမဲ့ ပေးမည်

alt

Microsoft က ၎င်းတို့ အခကြေး ငွေ ဖြင့် ရောင်းချ နေသည့် OneCare Security စနစ် နေရာတွင် အခမဲ့ Antivirus ၀န်ဆောင်မှု တစ်ခုကို စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း အတည်ပြု လိုက် သည်။

Morro ဟု အမည် ပေးထား သည့် ထို Online Antivirus စနစ် ကို ရက်ပိုင်း အတွင်း စတင်မည် ဖြစ်ပြီး Virus၊ Trojan နှင့် Spyware ကဲ့သို့ အဖျက် Application များ ကို အချိန် နှင့် တပြေးညီ ဖျက်ဆီး နိုင်ရန် ၀န်ဆောင်မှု ပေးသွားမည် ဟု Microsoft က ဆိုသည်။

Morro ကို စတင်သည့် အချိန် တွင် ၎င်း တို့ တစ်နှစ် လျင် (၄၉.၉၅) ဒေါ်လာဖြင့် ဈေးနှုန်း သတ်မှတ် ရောင်းချ နေသည့် OneCare ကို ရပ်ဆိုင်း လိုက်မည် ဟု လည်း Microsoft က ပြော ကြား ထား သည်။ ထို စနစ် ကို စတင် အကောင်အထည် ဖော် နေသည် မှာ ယမန် နှစ် နိုဝင်ဘာလ က တည်း က ဖြစ်ပြီး ထိုစဉ် က (၂၀၀၉) ခုနှစ်၊ ဇွန် လ တွင် မောရိုး ကို စတင် အသက် သွင်းမည် ဟု Microsoft က ကြေညာ ထားခဲ့ သည်။

Micorsoft ၏ ခြေလှမ်း သည် Security ၀န်ဆောင်မှုတွင် ကြီးမားသော ခြေလှမ်း တစ်ရပ် ဖြစ်လာခဲ့ပြီး McAfee နှင့် Symantec တို့ကဲ့သို့ ကမာ္ဘကျော် ကွန်ပျူတာ လုံခြံုရေး ကုမ္ပဏီကြီးများ အတွက် မျက်ခုံး လှုပ်စရာ ဖြစ်လာ နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here