ကစားစရာ လေယာဉ် ပျက်ကျလို့ ရဲကို အရေးပေါ် အကြောင်းကြား

alt

တရုတ် နိုင်ငံသား တဦးသည် ၎င်း၏ ကစားစရာ လေယာဉ် ပျက်ကျခဲ့သည့် အတွက် ရဲဌာနသို့ အရေးပေါ် အကြောင်းကြား ခဲ့ကြောင်း သိရှိရသည်။

ဘေဂျင်း မြို့တော် အိုလံပစ် အားကစား ရုံကြီး အနီးတွင် ဇွန်လ (၆) ရက်နေ့က လူတဦးသည် အဝေးထိန်း ကွန်ထရိုးဖြင့် ပျံသန်းရသော ကစားစရာ လေယာဉ်လေး တစ်စင်းဖြင့် ကစားနေရင်း ၎င်း၏ လေယာဉ်မှာ အနီးရှိ အဆောက်အအုံ တခုပေါ်သို့ ပျက်ကျသွားသည်။

ထို့အပြင် လေယာဉ်လေးမှ မီးခိုးငွေ့ အချို့ ထွက်လာသည် ကိုလည်း ၎င်းက တွေ့ရှိ ခဲ့ပြီးနောက် ရဲဌာနသို့ ချက်ချင်း အကြောင်းကြား ခဲ့သည်။ ရဲများ နှင့် မီးသတ်များသည် အဆိုပါ အဆောက်အအုံ သို့ လျင်မြန်စွာ ရောက်ရှိ လာပြီးနောက် ပျက်စီးနေသော လေယာဉ် ကလေး ကိုသာ ရှာဖွေ တွေ့ရှိခဲ့သည်။

ထို့နောက် တွင်မူ စိတ်ဆိုးနေသော ရဲတပ်ဖွဲ့ဝင်များ က ထိုပုဂ္ဂိုလ်အား မေးမြန်း ခဲ့ကြရာ မီးခိုးများ ကို တွေ့ရှိချိန်တွင် ထိုမှ တဆင့် ကြီးမားသော မီးလောင်မှုကြီး အစပြု လာနိုင်သည် ဟု ၎င်းအနေ နှင့် ယူဆခဲ့ကြောင်း ထိုသူက ဖြေရှင်းခဲ့သည်။

ထို့နောက်တွင်  ရဲတပ်ဖွဲ့က ကစားစရာ လေယာဉ်ပျက်လေးအား ၎င်း၏ လက်သို့ ပြန်လည် ပေးအပ်ပြီး နောက်တကြိမ် ဆိုလျှင် အဆောက်အအုံများ နှင့် နီးသည့်နေရာတွင် မဆော့ရန် ပြောဆို ဆုံးမပြီး ပြန်လွှတ် ပေးလိုက်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here