မိဘများ စိတ်ဖိစီးမှု သားသမီးများ သို့ သက်ရောက်မှုရှိ

alt

မိဘနှစ်ပါး အနက် တဦးဦးသည် စိတ်ဖိစီးမှု ခံနေရပါက ၎င်းတို့၏ သားသမီးသည် လည်း အလားတူ ဖြစ်ရပ်မျိုး ကြံုတွေ့ ရတတ်ကြောင်း ပညာရှင်များ က ပြောကြား လိုက်သည်။

အမေရိကန် အမျိုးသား ကျန်းမာရေး ကောင်စီ နှင့် ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ၀န်ဆောင်မှု ဆေးတက္ကသိုလ် တို့ ပူးပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင် အဖေ၊ အမေ၏ စိတ် အခြေအနေသည် သားသမီး အပေါ်တွင်ပါ ရိုက်ခတ်နိုင်ကြောင်း သတိပေး ဖော်ပြထားသည်။

လူကြီးများ၏ စိတ်ဖိစီး မွန်းကြပ်မှုများ ကို ကုသပေးနေသော ဆရာဝန်များ၊ ကျွမ်းကျင် ပညာရှင်များသည် ၎င်းတို့ သားသမီးများ ၏ စိတ် ကျန်းမာရေး ကိုပါ ရှေးရှု ဂရုပြု သင့်ကြောင်း ဇွန်လ (၁၀) ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်း ထားသည်။

ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ကုထုံး အတော်များများ သည် လူကြီးပိုင်းနှင့်သာ အဆင်ပြေ စေမည့် အနေအထား ကိုလည်း ပြုပြင်ရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်ကို ပါ၀င်ပြုစုသူ ဒေါက်တာ မေရီဂျိန်း အင်္ဂလန် က ဆိုသည်။

သူမက အမေရိကန် တွင် အသက် (၁၈) နှစ်အောက် သားသမီးရှိသူ (၁၅.၆) သန်းခန့်သည် စိတ်ကျမှု၊ စိတ်ဖိစီးမှုများ ဖြစ်ပေါ်နေကြောင်း၊ ၎င်း တို့၏ ရိုက်ခတ်မှုကို ခံရဖွယ် ရှိသည့် ကလေးများ အတွက် အရေးတကြီး ဆောင်ရွက်မှုများ လိုအပ်ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

ထို့အပြင် စိတ်ကျရောဂါ စွဲကပ်နေသော မိဘများသည် သားသမီးများ အား ဒုက္ခပေးလို စိတ် ပိုမို ဖြစ် ပေါ်လာနိုင်သည့် အန္တရာယ်လည်း ရှိနေ တတ်ကြောင်း ဒေါက်တာမေရီက သတိပေး ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here