အာဂွီရိုအား ပေါင် (၄၅) သန်း ဖြင့် ချဲလ်ဆီး ကမ်းလှမ်း

alt

ချဲလ်ဆီး အသင်းသည် အက်သလတ်တီ ကို မက်ဒရစ် မှ အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယို အာဂွီရို ကို ပေါင် (၄၅) သန်းဖြင့် စတင် ကမ်းလှမ်း လိုက်ပြီ ဖြစ်ကြောင်း သိရှိ ရသည်။

အသင်း နည်းပြသစ် ဖြစ်လာသူ ကာလို အန်ဆယ်လော့တီ က အသက် (၂၁) နှစ် အရွယ် ပါရမီရှင် ရှေ့တန်း တိုက်စစ်မှူးလေး ကို အလွန် သဘောကျနေပြီး ၎င်းတို့သည် အင်္ဂလန် ပရီးမီးယားလိဂ် သူကြွယ် အသင်း မန်ချက်စတာ စီးတီး နှင့် အပြိုင် အာဂွီရို အား ကမ်းလှမ်း သွားမည် ဖြစ်သည်။

မန်ချက်စတာ စီးတီး အသင်း သည် လည်း အသင်းမှ ထွက်ခွာမည် ဟု ရေပန်းစားနေသည့် ရော်ဘင်ညို နေရာတွင် အစားထိုးရန် အာဂွီရို ကို ကမ်းလှမ်း သွားဖွယ်ရှိသည်။ အာဂျင်တီးနား ဂန္တဝင် ဘောလုံးသမားကြီး ဒီယေဂိုး မာရာဒိုနာ ၏ သားမက်လောင်း လည်း ဖြစ်သူ အာဂွီရို သည် အသင်း များစွာတို့၏ ပစ်မှတ်ထားခြင်းကို ခံနေရသော်လည်း အက်သလတ်တီကို ၏ ဈေးခေါ် ကြမ်းမှုကြောင့် ကျန်အသင်းများက လက်တွန့်နေကြ ရသည်။

ချဲလ်ဆီး သည် ပရီးမီးယား လိဂ် ချန်ပီယံဘွဲ့ ကို (၃) ကြိမ်ဆက်တိုက် လက်လွှတ်ခံခဲ့ရသော အခြေအနေကို ကုစားရန်အတွက် အသင်းကို ထိပ်တန်းကစားသမားများဖြင့် အားဖြည့် နိုင်ရေး ကြိုးပမ်းလျက် ရှိသည်။ သတင်းများ အရ ချဲလ်ဆီးသည် ဖရန့် ရစ်ဘာရီ နှင့် ဒေးဗစ်ဆေးဗား တို့ကိုလည်း စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ် နှင့် အပြိုင် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here