ဒမ်မီမိုး ကြောင့် ခင်ပွန်းဖြစ်သူ စိတ်ညစ်နေရ

alt

အက်ရှတန်ကက်ချာ က ဇနီး ဖြစ်သူ ဒမ်မီမိုး ၏ အရုပ်များ စုဆောင်းသော ၀ါသနာများ အပေါ် စိတ်ညစ်ညူး မိကြောင်း ပြောကြားခဲ့သည်။

နာမည်ကြီး မင်းသမီးဟောင်း သည် သူမ ၏ ယခင် အိမ်ထောင် ဖြစ်သော မင်းသား ဘရုစ်ဝီလီ နှင့် လက်ထပ်ထားစဉ် ကတည်း က ထိုကဲ့သို့ အရုပ်များ ကို စုဆောင်း နေခဲ့ခြင်း ဖြစ်သည်။

ထို ၀ါသနာသည် ကက်ချာ နှင့် အိမ်ထောင်ကျသည့် အချိန်အထိ ပါလာခဲ့ပြီး ကက်ချာ က ထိုအရုပ်များ ၏ အသက် ၀င်လွန်းသော ပုံသဏ္ဍန်ကြောင့် ကြောက်ရွံ့ ထိတ်လန့်နေရကြောင်း သိရသည်။

၎င်းသည် ထို အရုပ်များကို ကြည့်မိပြီး အိပ်မက်ဆိုးများ မက်ခြင်း၊ အိပ်မရဘဲ ဖြစ်နေခြင်းများ မကြာခဏ ကြံုရပါသည်ဟု အသက် (၃၁) နှစ်ရှိ ကက်ချာက ၀န်ခံခဲ့သည်။ အသက် (၄၆) နှစ် ရှိပြီဖြစ်သော ဒမ်မီသည် အရုပ်မျိုးစုံကို စုဆောင်းခဲ့ရာ ယခုအခါတွင် အရေအတွက် (၃၀၀၀) ကျော်ထိ ရှိလာပြီ ဖြစ်ပြီး ကာလတန်ဖိုး မှာလည်း ဒေါ်လာ (၂) သန်းစာမျှ အထိ မြင့်တက် လာခဲ့ပြီ ဖြစ်သည်။

ထို အရုပ်များ အားလုံးကို ပြတိုက်တခု ဖွင့်လှစ်ထားရှိရန် ဇနီးသည် အား အသည်းအသန် တိုက်တွန်း နေရကြောင်း ကက်ချာ က Twitter တွင် ရေးသားထားသည်။ ၎င်း အနေနှင့် ထို အရုပ်များကို လုံးဝ မနှစ်သက် သည့်တိုင် ဒမ်မီ့ အား အတိုက်အခံ မပြုလိုသောကြောင့် သူမ ၏ အရုပ် စုဆောင်းမှုအား တားမြစ်ခဲ့ခြင်း မရှိကြောင်း၊ သို့သော်လည်း ထို လုပ်ရပ်အတွက် ကြာလေ စိတ်ညစ်ရလေ ဖြစ်ကြောင်း ကက်ချာ က Twitter တွင် ရေးသားဖော်ပြ ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here