Twitter သုံးစွဲသူမျာအား စီစစ် မည်

alt

Twitter အနေနှင့် ၎င်း ၏ ၀က်ဘ်ဆိုက် မှ Celebrity များ နှင့် နာမည်တူနေသော Account များ အား ပြန်လည် စစ်ဆေး သွားမည်ဟု သိရသည်။

ဆန်ဖရန် ဆစ်စကို တွင် အခြေစိုက်သော Twitter တွင် ကမာ္ဘတလွှား မှ Celebrity များ က Account ဖွင့် သုံးစွဲလေ့ရှိသလို Social Networking လောကတွင် လည်း နာမည်ရ နေသည့် ၀က်ဘ်ဆိုက် တစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။ သို့သော်လည်း Twitter အသုံးပြုသူ အချို့ တို့ သည် Celebrity များ၏ အမည်များ ကို အသုံးပြုကာ Account ဖွင့်ပြီး မှားယွင်းသော Instant Message များ တင်ခြင်းကြောင့် Twitter မှာ ဦးနှောက်ခြောက် နေရ သည်။

မကြာသေးမီ ကလည်း စိန့်လူးဝစ် မှ သာသနာပိုင် ဘုန်းတော်ကြီး တိုနီလာရက်ဆား ၏ အမည်ဖြင့် Twitter တွင် Account ဖွင့်ခဲ့သဖြင့် တိုနီ က ထို ကိစ္စ အပေါ် စီစစ် ထိန်းချုပ်ရန် ပျက်ကွက်သော Twitter ကို တရားစွဲ ခဲ့သေးသည်။ နောက်ပိုင်းတွင်မူ Twitter က အဆိုပါ နာမည်တူ Account ကို ပြန်ဖျက်ပစ် ခဲ့ရသည်။ သို့တိုင်အောင် အလားတူ ပြဿနာမျိုး သည် Twitter တွင် မကြာခဏ ကြံုတွေ့ နေရပြီး Rapper တစ်ဦး ဖြစ်သော Jay-Z ကလည်း ၎င်း၏ နာမည်တူ Account အတွက် Twitter အား ပြဿနာ ရှာခဲ့ ဖူး သေး သည်။

Twitter သည် ထိုသို့သော အခြေအနေများ နောက်ထပ် မပေါ်ပေါက်စေရန် အသေအချာ စီစစ် ကိုင်တွယ် သွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here