အီဂျစ် နိုင်ငံတွင် (၅) နှစ်အတွင်း ငါးမန်း အသေအကြေ တိုက်ခိုက်မှု ကြောင့် ပထမဆုံး အကြိမ် လူသေဆုံး

alt

အီဂျစ် နိုင်ငံ တွင် (၅) နှစ်အတွင်း ငါးမန်းကိုက် သဖြင့် ပထမဆုံး အကြိမ် လူ သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရှိ ရသည်။

အီဂျစ် နိုင်ငံ ပင်လယ်နီ ကမ်းခြေ တွင် ပြင်သစ် လူမျိုး ကမာ္ဘလှည့် ခရီးသည် အမျိုးသမီး တစ်ဦး ကို ငါးမန်း တစ်ကောင် က ယခု အပါတ် အတွင်း  အသေ ကိုက်သတ် ခဲ့ကြောင်း ဒေသ ဆိုင်ရာ မီဒီယာများ နှင့် ပြင်သစ် သံရုံး တို့ က အတည်ပြု ပြောကြား ခဲ့သည်။

သူမ အား ကမ်းခြေသို့ ပြန်မဆွဲတင် နိုင်မီ မှာ ပင် သွေးထွက်လွန်ပြီး သေဆုံး သွားကြောင်း ကမ်းခြေ မှ ဆေးဘက် ဆိုင်ရာ ၀န်ထမ်းများက ပြောကြား ခဲ့သည်။ အမျိုးသမီး၏ ခြေထောက် တစ်ဖက်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ ပြင်သစ်သံရုံး ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျင်းမာရီဆာဖာက မာဆာအလမ် ကမ်းခြေ တောင်ဘက်ပိုင်းတွင် ပြင်သစ် အမျိုးသမီးတစ်ဦး ငါးမန်းကိုက်ခံရသဖြင့် သေဆုံးကြောင်း အတည်ပြုသည်ဟု သတင်းထောက်များအား ပြောကြား ခဲ့သည်။

မာဆာအလမ် ကမ်းခြေ တောင်ပိုင်းတွင် ရေငုပ်ရန် ကောင်းမွန်သော နေရာတစ်ခုရှိပြီး အလွန်လှပကာ အရောင်အသွေးစုံလင်သည့် သန္တာ ကျောက်တန်းများကြာင့် ကမာ္ဘလှည့် ခရီးသည်များအား အထူး ဆွဲဆောင်လျှက်ရှိသည်။ ယခု ဖြစ်ရပ်သည် အလွန် ဖြစ်တောင့်ဖြစ်ခဲ ကြံုခဲ့ရခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ အမျိုးသမီးသည် ငါးမန်းအား ဒေါသထွက်စေသည့် ကိစ္စတစ်ခုခု မတော်တဆ ပြုလုပ်မိခြင်း (သို့မဟုတ်) ငါးမန်းက သူမအား အစာအဖြစ် ထင်မှတ်သွားခြင်းကြောင့် ရှားရှားပါးပါး ကံဆိုးသွားခြင်း ဖြစ်နိုင်ကြောင်း ပင်လယ်နီဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ အကြီးအကဲ အမ်အလီက ပြောကြားခဲ့သည်။

ထိုဒေသတွင် ငါးမန်းများ သဘာဝအလျောက် ကျက်စားလေ့ရှိပြီး ရေငုပ်သည့် ကမာ္ဘလှည့် ခရီးသည်များက အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးလေ ့ရှိသော်လည်း လူကို အန္တရာယ်ပြုမှုမှာ အလွန်နည်းပါး လှသည်။ ယခုအမျိုးသမီး မတိုင်မီက အီဂျစ်နိုင်ငံတွင် ငါးမန်း ကိုက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်မှာ ဆီနိုင်း အပမ်းဖြေစခန်း ရှာရမ်အယ်ရှိတ် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက မာဆာအလမ် အနီးရှိ ငါးမန်းပေါများသော အဆိုပါဒေသကို သဘာဝ ရင်းမြစ်တစ်ခု ရှိရာဒေသအဖြစ် သတ်မှတ်ထားကြောင်း သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here