စီရော်နယ်လ်ဒို အား ခေါ်ယူသွားမည်ဟု ရီးရဲလ် ဥက္ကဌ ပြော

alt

ရီးရဲလ် မက်ဒရစ် ဥက္ကဌကြီး ဖလော်ရန်တီနိုပီရက်စ် က ၎င်း တို့ အသင်းသည် ဇွန် လ ကုန်တွင် ခရစ်စတီယာနို ရော်နာဒို အား အပြီးသတ် ခေါ်ယူ သွားနိုင်ဖွယ် ရှိကြောင်း ပြောကြား လိုက်သည်။

ပေါင် (၆၂) သန်းတန် ကမာ္ဘ့ စံချိန်တင် ပြောင်းရွှေ့ ကြေးတစ်ရပ် ဖြင့် ဘရာဇီး လက်ရွေးစင် ရီကာဒို ကာကာ အား အေစီမီလန် အသင်း ထံမှ ခေါ်ယူ ထားသည့် ရီးရဲလ် အသင်း ၏ ဒုတိယ ပစ်မှတ်မှာ ရော်နာဒို ဖြစ်ကြောင်း ပီရက်စ် က အတိအလင်း ကြေညာ ခဲ့သည်။ ကမာ္ဘ့ အကောင်းဆုံး ဘောလုံး သမား ဆု ကို လက်ဝယ် ပိုင်ပိုင် ရရှိ ထားသည့် ရော်နာဒို အတွက် ကာကာ အားပေးသည့် ပြောင်းရွှေ့ ကြေးထက် ပိုမို များပြားသော ပေါင် (၇၅) သန်း ဖြင့် ကမ်းလှမ်း ရန် အသင့် ရှိနေကြောင်း ပီရက်စ် က ဆိုသည်။ ရော်နာဒို သည် ရီးရဲလ် ပရိသတ်များ အလိုရှိမည့် ကစားသမား ဖြစ်ပြီး ၎င်း အား ကာကာ နှင့် တွဲဖက် ပေးခြင်းဖြင့် ရီးရဲလ် အသင်း တိုက်စစ် ကို တောက်ပ လာစေမည် ဖြစ်ကြောင်း ပီရက်စ် က သုံးသပ် ခဲ့သည်။

ပီရက်စ် သည် ယခု နှစ် အပြောင်း အရွှေ့ ကာလ အတွင်း အသင်း အတွက် ပေါင်သန်း (၂၆၀) ထိ အသုံးပြု သွားမည်ဟု ပြောဆို ထားပြီး ရော်နာဒို အပြင် ဖရန့် ရစ်ဘာရီ၊ ဒေးဗစ် ဆေးဗား နှင့် ကီရန် ဘန်ဇီမား စသော ထိပ်တန်း ဘောလုံးသမားများ ကို စိတ်ဝင်တစား စောင့်ကြည့် နေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here