ယောက်ျား ဘဝ ဖြင့် ဒုတိယမြောက် ကလေး မွေးဖွား ပြီ

alt

ပြီးခဲ့သောနှစ် ဇွန်လ အတွင်းက ကမာ္ဘသိ ပုဂ္ဂိုလ် အဖြစ် ကျော်ကြား ခဲ့သော ယောက်ျား ဘဝ ဖြင့် ကလေး မွေးခဲ့သူ အမေရိကန် နိုင်ငံသား သောမတ် ဘီတီ သည် ယခု အခါ ဒုတိယမြောက် ရင်သွေး တစ်ဦး ကို ထပ်မံ ဖွားမြင် လိုက်ပြီ ဖြစ်သည်။

ဇွန်လ (၉) ရက်နေ့က (၃၅) နှစ် အရွယ် ဘီတီ သည် သားလေး တစ်ဦး ကို အောင်မြင်စွာ မွေးဖွား ပေးနိုင် ခဲ့သည်။ ဘီတီ သည် မိန်းကလေး အဖြစ် မွေးဖွား လာသူ ဖြစ်သော်လည်း ငယ်စဉ် ကတည်းက ယောက်ျား တစ်ဦး ဖြစ်လာအောင် ခွဲစိတ် ကုသမှု ခံယူ ထား ခဲ့သည်။ ဘီတီ သည် ယခု အခါ တွင် အသက် (၄၆) နှစ် အရွယ် နန်စီ ဆိုသော ဇနီး သည် နှင့် အတူ နေထိုင် လျက် ရှိသည်။

ဘီတီ အနေ နှင့် ၎င်း ၏ ဘဝဟောင်း လာဂျန်ဒီနား ဆိုသည့် အမျိုးသမီး ဘဝ ကို စွန့်ခွာ ခဲ့သော်လည်း အမျိုးသမီး မျိုးပွား အင်္ဂါ ကလပ်စည်း ကို ခွဲဖြတ် ဖယ်ရှား ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် လည်း ယခု ကဲ့သို့ ကိုယ်ဝန် ဆောင် ကလေး မီးဖွားမှု ပြုလုပ် နိုင်ခြင်း ဖြစ်သည်။ ဘီတီ သည် အမည်မသိ အမျိုးသား တစ်ဦး ၏ သုတ်သွေး ကို လက်ခံ ရရှိပြီး ကိုယ်ဝန်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ယခု အခါ ဘီတီ တို့ သားအဖ နှစ်ဦး စလုံး ကျန်းမာရေး အခြေအနေ ကောင်းမွန် လျက် ရှိကြောင်း သတင်း ရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here