မိုးကြိုးပစ်ခံရ အမေရိကန်လေယာဉ် ဘေးမသီ ရန်မခ

alt

အမေရိကန် နိုင်ငံ အနောက် တောင်ပိုင်း လေကြောင်း ဌာနမှ လေယာဉ် တစ်စင်း သည် ပျံသန်း နေစဉ် မိုးကြိုးပစ် ခံရ ပြီးနောက် အုက်ကလန် လေဆိပ် သို့ ဘေးမသီ ရန်မခ ပြန်လည် ဆင်းသက် နိုင်ခဲ့ ကြာင်း သိရသည်။

ယခင် အပါတ် နံနက် အစောပိုင်း က လေပေါ် တွင် ပျံသန်း နေသည့် လေယာဉ် သည် အုက်ကလန်မှ ကယ်လီဖိုးနီးယား သို့ ဦးတည် ထွက်ခွာ ခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ခရီးစဉ် အမှတ် (၂၁၉၇) မှ လေယာဉ်မှူး သည် ၎င်း ၏ လေယာဉ် ကို မိုးကြိုး ထိမှန်ကြောင်း သိရှိ ပြီးနောက် လေယာဉ် ကို ခရီးမဆက်တော့ဘဲ အုက်ကလန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လှည့်ရန် ဆုံးဖြတ် ခဲ့သည်။

အဘယ်ကြောင့် ဆိုသော် ထို လေယာဉ်ကွင်း တွင် လေယာဉ်အား ပြန်လည် ပြင်ဆင်သည့် ဌာန တစ်ခု ရှိနေသောကြောင့် ဖြစ်သည် ဟု ထိုလေယာဉ်မှူး မှ ဆို သည်။ လေကြောင်းလိုင်း ၏ ပြောရေး ဆိုခွင့်ရ အမျိုးသမီး မယ်ရီလီ မက်အင်းနစ် က လေယာဉ်ပေါ် ပါလာသူ (၅၃) ဦးလုံး ဘေးအန္တရယ် ကင်းရှင်းကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

သူမက လေယာဉ်တစ်စင်း မိုးကြိုးပစ်ခံရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ တစ်ခုဖြစ်ပြီး လေယာဉ် ကိုယ်ထည်များမှာလည်း မိုးကြိုးဒဏ် ခံနိုင်အောင် ပြုလုပ်ထားလေ့ရှိသည်ဟု ဆက်လက် ပြောဆိုသွားခဲ့သည်။ သို့သော်လည်း ပြင်သစ် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းမှာ ဘရာဇီးမှ ပြင်သစ်သို့ မေလ(၃၀)ရက်နေ့က ပျံသန်း ထွက်ခွာလာစဉ် မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော အခြေအနေ တစ်ခုကြောင့် သမုဒ္ဒရာထဲ ပျက်ကျသွားခဲ့ရသော လတ်တလော အဖြစ်အပျက် များကလည်း ရှိနေသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here