ဂျပန် တွင် Transformer ဇာတ်ကား အထူးပွဲ ပြ

alt

Transformers: Revenge of the Fallen ဇာတ်ကား အထူးပွဲ အဖြစ် ဇွန်လ (၈) ရက် နေ့ က ဂျပန် နိုင်ငံ၊ တိုကျို မြို့တော် ရှိ တိုဟို ရုပ်ရှင်ရုံကြီး တွင် ပြသ ခဲ့ရာ မင်းသား ရှိုင်းလီဘော့၊ မင်းသမီးမီ ဂန်ဖော့စ် နှင့် အတူ အခြားသော သရုပ်ဆောင်များ တက်ရောက် ခဲ့ကြ သည်။

ထိုပွဲတွင် အမြင့်(၁၆)ပေရှိသော အဝါရောင် ဘမ်ဘီလီဘီး စက်ရုပ်ကြီး ကို ပြသ ခဲ့ရာ ဂျပန် ပရိသတ်များ အထူး သဘောကျ နှစ်သက် ခဲ့ကြသည်။ ထို့အပြင် ခရမ်းရောင် ဖက်ရှင်ကျကျ ၀တ်စုံဖြင့် ထင်ပေါ် နေသော မင်းသမီး ဖော့စ် မှာလည်း ဂျပန် မီဒီယာများ ၏ အာရုံ အစိုက် ရဆုံးသူ အဖြစ် ထင်ရှား နေခဲ့သည်။ အခြားသော သရုပ်ဆောင်များ ထက် ဖော့စ်အပေါ်တွင် ဂျပန် ပရိသတ် က အထူး သဘောကျစွာ နှုတ်ဆက် ကြိုဆို ခဲ့ကြ သည်။

အသက် (၂၂) နှစ်ရှိ မင်းသမီးလေး က လည်း ဂျပန် ပရိသတ်များ နှင့် တသားတည်း ပျော်ရွှင်စွာ အော်ဟစ် နှုတ်ဆက် နေသလို သတင်းထောက်များ ရှေ့တွင်လည်း စိတ်ရှည် လက်ရှည် ဓာတ်ပုံအရိုက်ခံခဲ့သည်။ သူမအနေနှင့် မင်းသမီးတစ်ဦး ဖြစ်လာသည့် အတွက် သာမန် ဘဝ ၏ လွတ်လပ် ပေါ့ပါးမှုမျိုး ပျောက်ဆုံး သွားသည့် တိုင် ယခု ကဲ့သို့ အားပေးသော ပရိသတ် နှင့် ကြံုဆုံ ရသည့် အခါ အတိုင်းမသိ ၀မ်းသာ မိကြောင်း ဖော့စ် က ဂျပန် သတင်းထောက်များ အား ပြောကြား ခဲ့သည်။

Transformers ဇာတ်ကားသစ် ကို လာမည့် ဇွန်လ (၁၉) ရက် နေ့မှ စပြီး ဗြိတိန် တွင် ရုံတင် ပြသ သွားမည် ဖြစ်ကြောင်း သတင် းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here