ဗြိတိန် စစ်သားတစ်ဦး မုဒိမ်းကျင့်မှုဖြင့် စွဲချက်တင်ခံရ

alt

ကူဝိတ်တွင် ရှိနေသော ဗြိတိသျှ စစ်သည်တစ်ဦးမှာ အမေရိကန် နိုင်ငံသူ အမျိုးသမီး တစ်ဦးအား အိမ်သာ အတွင်းတွင် အဓမ္မ ကျင့်ကြံခဲ့ကြောင်း စွဲချက်တင် ခံနေရသည်။

ကော်ပိုရယ် ဂရေဟမ်ဟော့ သည် အသက်(၂၀) အရွယ်ရှိ တပ်အကူ အမျိုးသမီးကို အိမ်သာထဲတွင် မိနစ်(၄၀)ကြာ ပြုကျင့်ခဲ့ကြောင်း သိရသည်။ ဘူဟရင် စစ်အခြေစိုက် စခန်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ ကိစ္စအတွက် ဂျာမနီနိုင်ငံ Hohne စစ်ခုံရုံးတွင် အစစ်ဆေး ခံနေရသည်။

အသက် (၂၆)နှစ်ရှိ ဟော့ ကမူ ၎င်းအား ပြင်းထန်စွာ လိင်မှုဆိုင်ရာ အနိုင်ကျင့်ခဲ့သည် ဆိုသော စွဲချက်(၂)ခုကို ငြင်းဆန်ထားပြီး ၎င်းသည် အဆိုပါ အမေရိကန် အမျိုးသမီးနှင့် အလိုတူစွာ ဆက်ဆံခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်သည် (၂၀၀၈)ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ကတည်းက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သော်လည်း တပ်အနေနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုသဖွယ် ဆက်နွယ်နေသဖြင့် မစစ်ဆေးခဲ့ဘဲ ယခုအခါမှ အထူးပြု စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်သည်။

အမျိုးသမီးကမူ သူမသည် အိ်မ်သာများကို သန့်ရှင်းရေးလုပ်ရန် ၀င်သွားပြီးနောက် ဟော့သည် နောက်မှ လိုက်လာကာ သူမအား အတင်းတွန်းလှဲပြီး ကျင့်ကြံခဲ့ကောင်း ထွက်ဆိုထားသည်။ ဟော့အား ဇူလိုင်လ (၂)ရက်နေ့တွင် စီရင်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း စစ်ခုံရုံးက ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here