Spider Man 4 တွင် မူလ သရုပ်ဆောင် မင်းသမီး ပြန်ပါ

alt

Spider Man 4 ဇာတ်ကား တွင် မင်းသမီး ခရစ်စတီယန်ဒန့် ပြန်လည် ပါ၀င်ရေး မသေမချာ ဆိုသော သတင်းများ ကို ဇာတ်ကား ထုတ်လုပ်သူ တော့ဘလက် က ငြင်းဆို လိုက်သည်။

အင်တာဗျူး တစ်ခုတွင် ဘလက် က မင်းသမီး သည် စတ္ထုမြောက် Spider Man တွင် သေချာပေါက် ပါ၀င် လာမည်ဖြစ်ကြာင်း ပြောကြား ခဲ့ပြီး သူမ သရုပ်ဆောင် ရသည့် မေရီဂျိမ်း ၀တ်ဆင် ဇာတ်ရုပ် မှာ လည်း ဆက်လက် အရေးပါ နေမည် ဟု ပြောဆို ခဲ့သည်။

ဘလက် က ထို ဇာတ်ကား တွင်လည်း မင်းသား တိုဘီမက်ဂွိုင်းယား သရုပ်ဆောင်သော ပီတာပါကား နှင့် မေရီ တို့ ဇာတ်ရုပ် နှစ်ဦး မှာ လက်ထပ် ဖြစ်ဦး မည် မဟုတ် ဟု အတည်ပြု ခဲ့သည်။ သို့သော်လည်း ၎င်း က Spider Man 4 တွင် အဓိက ဗီလိန် ဖြစ်လာမည့် ဇာတ်ရုပ် ကို အတိအကျ မပြောသွားခဲ့ပေ။ သတင်းများ က မူ Morbius ခေါ် သွေးစုပ် ဖုတ်ကောင် သည် ထို ဇာတ်ကား တွင် ဦးဆောင် လူဆိုးကြီး ဖြစ်လာနိုင်ကြောင်း သုံးသပ် လျက်ရှိ ကြသည်။ ဘလက် က ထိုသတင်းများ ကို မငြင်းဆန် သလို အတည်လည်း မပြု ခဲ့ပေ။

၎င်းတို့ အနေ နှင့် ဇာတ်ကား ကို နယူးယောက် တွင် ရိုက်ကူး ရန် စီစဉ် ထားကြောင်းသာ ဘလက် က ပြောကြားခဲ့သည်။ ပရိသတ်များ က မူ နောက်ထပ် ရိုက်ကူးမည့် Spider Man ဇာတ်လမ်းတွင် အဓိက လူဆိုးကြီး အဖြစ် ပါ၀င် လာမည်မှာ Black Cat၊ Mysterio၊ Lizard စသော မာဘယ် ဇာတ်ကောင်များမှ တစ်ဦးဦး ဖြစ်နိုင်ကြောင်း ထင်ကြေး ပေးနေ ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here