ဘိုင်ယန်တိုက်စစ်မှူး လူကာတိုနီ အသင်းမှ ထွက်ခွာ ဖွယ်ရှိ

alt

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လူကာတိုနီ သည် ဂျာမနီမြေ ကို စွန့်ခွာ နိုင်ခြေ ရှိကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

အသက် (၃၂) နှစ်အရွယ် အီတလီ လက်ရွေးစင် ရှေ့တန်း လူသည် နည်းပြ ပက်ဂွာဒီယိုလာ ကိုင်တွယ် နေသော စပိန် နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဂွာဒီယိုလာ က လည်း အသင်းမှ ထွက်ခွာမည်ဟု သတင်းကြီး နေသော ကင်မရွန်း လက်ရွေးစင် ဆမ်မြူရယ် အီတူး ၏ အထောင်တိုက်စစ်မှူး နေရာ အတွက် သန်မာပြီး အရပ်အမောင်း မြင့်မားသော တိုနီကို စိတ်ဝင်စား နေသည်။

တိုနီသည် လက်ရွေးစင် အသင်း တွင် ဂိုးမိုးခေါင် တတ်သော်လည်း ကလပ် အသင်း ပွဲစဉ်များ တွင် ခြေစွမ်း ပြလေ့ ရှိပြီး ဖီအိုရင်တီးနား နှင့် ဘိုင်ယန် မြူးနစ် တို့ အတွက် ဂိုးများစွာ သွင်းယူ ပေးနိုင် ခဲ့သည်။ ကာတာလန် အခြေစိုက် ဘာစီလိုနာအသင်း သည် တိုနီကို မရပါက အင်တာမီလန် မှ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ် ကို ခေါ်ယူရန် ပြင်ဆင် နေကြောင်းလည်း စပိန် သတင်း မီဒီယာများ က ဖော်ပြ ခဲ့ကြ သည်။

အခြားသော သတင်း တစ်ခုအရ အင်္ဂလန်ကလပ် လီဗာပူး မှ အာဂျင်တီးနား ကွင်းလယ် ကစားသမား ဂျာဗီးယား မာချီယာနို သည် ဘာစီလိုနာ သို့ ပြောင်းရွှေ့ရန် ဆန္ဒ ပြင်းပြ နေကြောင်း ကစားသမား ၏ အေးဂျင့် ဖြစ်သူ က ပြောကြား ခဲ့သည်ဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here