ကက်ရှမီးယား ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ ပစ်ခတ် ဖြိုခွင်း

alt

အိနိ္ဒယ နိုင်ငံ ကက်ရှမီးယား ဒေသ တွင် ဆန္ဒပြ နေသူများ ကို ရဲများ က ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၄) ယောက် ထိမှန် ဒဏ်ရာ ရခဲ့ကြောင်း မျက်မြင်များ က ဆိုသည်။

ဇွန်လ (၈) ရက်နေ့က ဖြစ်ပွား ခဲ့သော ပစ်ခတ်မှုကြောင့် အိန္ဒိယ လက်နက်ကိုင် တပ်ဖွဲ့များ အပေါ် ကက်ရှမီးယား ဒေသခံများ က မုန်းတီးမှု သည် ပိုမို မြင့်တက် လာခဲ့ သည်။ ၎င်း တို့ သည် မေလ အတွင်းက အိန္ဒိယ စစ်တပ် နှင့် ပါလီမန် လက်နက်ကိုင် တပ်ဖွဲ့များ က ဆယ်ကျော်သက် မိန်းကလေး တစ်ဦး နှင့် အခြား မိန်းမပျို တစ်ဦး တို့ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ သည်ဆိုသော စွပ်စွဲချက် ဖြင့် ဆန္ဒပြ နေသည်မှာ တစ်ပါတ်မျှ ကြာမြင့် လာချိန် တွင် ယခုလို ပစ်ခတ်ခြင်း ခံခဲ့ ရခြင်း ဖြစ်သည်။

ကက်ရှမီးယား ဒေသခံများ က အစိုးရ ၏ လက်နက်ကိုင် တပ်ရင်းများ သည် ပြည်သူများ ၏ လူ့အခွင့်အရေးအား ရက်စက် ကြမ်းကြုတ်စွာ အဓမ္မ ဖောက်ဖျက် ခဲ့ကြောင်း ယုံကြည် ထားကြ သည်။ ဆန္ဒပြမှုများ သည် ပြီးခဲ့သော သီတင်းပါတ် အတွင်း က အထွေထွေ သပိတ် အဖြစ် စတင်လာခဲ့ပြီး ရဲများ နှင့် ပဋိပက္ခ အတွင်း လူ (၄၀၀) ကျော် ဒဏ်ရာ ရပြီး (၁) ဦး သေဆုံး ခဲ့သည်။ ဇွန်လ (၈) ရက် နေ့ က လူထု ဆန္ဒပြမှု သည် အရှိန် အကောင်းဆုံး ဖြစ်လာပြီး လူ (၁၅၀၀၀) ကျော် တို့သည် ရှိုပိန် သို့ ဦးတည် ချီတက်ရန် ကြိုးပမ်းစဉ် ရဲများ က ပစ်ခတ် ခဲ့ခြင်း ဟု သိရသည်။

ရှိုပိန် ဆေးရုံ ကလည်း ဆန္ဒပြမှု အတွင်း ပစ်ခတ်ခံရသဖြင့် ဒဏ်ရာ ရသူ အချို့အား ဆေးကုသ ပေးနေရကြောင်း အတည်ပြု သတင်း ထုတ်ပြန် ခဲ့သည်။ အိန္ဒိယ အစိုးရ သည် ကက်ရှမီးယား ဆန္ဒပြသူများ နှင့် စပ်လျဉ်းပြီး မည်ကဲ့ သို့ ဖြေရှင်းမည် ကို အတိအလင်း ကြေညာ ထားမှု မရှိ သေးကြောင်းလည်း သတင်းများ က ဖော်ပြ ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here