အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး အစီအစဉ် အိုးဘားမား တောင်းဆို

alt

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား က အီဂျစ် နှင့် အစ္စရေး နိုင်ငံ အစိုးရများ အား ငြိမ်းချမ်းရေး အတွက် တိကျသော အစီအစဉ် တစ်ခု ကို (၂) နှစ်အတွင်း ချမှတ် ပေးပါရန် တောင်းဆို လိုက်ကြောင်း သိရသည်။

သမ္မတကြီး သည် အီဂျစ် နိုင်ငံ ကိုင်ရို မြို့သို့ ရောက်ရှိ နေစဉ် က ထိုသို့ တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း အီဂျစ် အစိုးရ တာဝန်ရှိ သူများ က ဇွန်လ (၉) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆို သွားသည်။ အီဂျစ် ၀န်ကြီးချုပ် ဘန်ဂျာမင် နီတန်ယာဟူ နှင့် အိုဘားမား တို့သည် အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ပူးပေါင်း ဆောင်ရွက် သွားကြမည် ဟု ကိုင်ရို အစိုးရ အသိုင်းအဝိုင်း က ပြောကြား ခဲ့သည်။ ပါလက်စတိုင်း အပါအဝင် အခြားသော အာရပ် နိုင်ငံများ နှင့် အစ္စရေး တို့ကြား ငြိမ်းချမ်းမှု ကို ဖော်ဆောင် နိုင်ရန် တိကျ ခိုင်မာသော သဘောတူညီမှု တစ်ခုအား (၂၀၁၁) မတိုင်မီ ဖော်ဆောင် သွားရန် အိုဘားမား က အလိုရှိ နေသည်။ အိုဘားမား သည် အီဂျစ် သို့ ပြီးခဲ့သော သီတင်းပါတ် က ရောက်ရှိ ခဲ့ပြီး ထိုစဉ် က အီဂျစ် နိုင်ငံ ၏ ထောက်လှမ်းရေး ဌာန အကြီးအကဲ အိုမာဆူလေမန် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ အာမက်အဘူဂိတ် တို့ကိုလည်း သီးခြား တွေ့ဆုံ ဆွေးနွေး ခဲ့သေးသည်။

Sunday Time သတင်းစာကြီး က လည်း အိုဘားမား အနေ နှင့် ၎င်း ၏ သမ္မတ သက်တမ်း အတွင်း အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်ရန် အချိန် (၂) နှစ် အတွင်း အကောင်အထည် ဖော်ရေး Deadline သတ်မှတ် ထားဖွယ် ရှိကြောင်း သုံးသပ် ရေးသား ထားသည်။ အိုဘားမား သည် ပြီးခဲ့သော သီတင်းပါတ် အတွင်း က ကိုင်ရို တက္ကသိုလ် တွင် အာရပ် နိုင်ငံများ နှင့် စပ်လျဉ်းပြီး အလွန်အရေး ပါသော မိန့်ခွန်း ကို ပြောကြား ခဲ့ရာ အာရပ် အစိုးရများ ဘက်မှ အပြု သဘောဆောင် သည့် ကောင်းမွန်သော တုန့်ပြန်မှုများ ကို ရရှိ ခဲ့ကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here