Microsoft Search Engine အသစ် တရုတ် နှင့် အာရပ်ကမာ္ဘ များတွင် ပိုမို တွင်ကျယ်လာဖွယ်

alt

Microsoft မှ လွှင့်တင် လိုက်သည့် Search Engine အသစ် Bing သည် တရုတ် နှင့် အာရပ် နိုင်ငံများ တွင် ပိုမို တွင် ကျယ်စွာ အသုံးပြု လာဖွယ် ရှိကြောင်း သိရသည်။

အဆိုပါ Search Engine တွင် ညစ်ညမ်း ၀ဘ်ဆိုဒ်များ ကို ကြည့်ရှုခွင့် မပြုဘဲ ပိတ်ပင် ထားသဖြင့် မွတ်ဆလင် ဘာသာဝင်များ အဖို့ ပိုမို အသုံးပြု လာဖွယ် ရှိနေသည်။

Search Engine တွင် Nude၊ Sex၊ Porn စသော ညစ်ညမ်း ၀ဘ်ဆိုဒ်များ ၏ Tag စာလုံးများ ကို ရှာဖွေမှု ပြုလုပ်ပါက Bing က Filter လုပ်ပြီး ပိတ်ပင် ထားကြောင်း ဖော်ပြမည် ဖြစ်သည်။ ထို့အပြင် Bing ကို အသုံးပြုသူ များ သည် အင်္ဂလိပ်ဘာသာ ကို သာမက အာရေဘစ် ဘာသာ နှင့် တရုတ် ဘာသာ တို့ကိုလည်း ရွေးချယ် အသုံးပြ နိုင်မည် ဖြစ်သောကြောင့် တရုတ် နှင့် အာရပ်များ ၏ အာရုံစိုက်မှု ကို ပိုမိုရ ရှိ လာဖွယ်ရှိသည်။

Bing တွင်ပါသော Filter စနစ်သည် အင်္ဂလိပ်၊ ပြင်သစ်စသော ဘာသာ စကားများထက် တရုတ် နှင့် အာရေဘစ် ဘာသာ စကားများ ဖြင့် ရှာဖွေမှုများ အပေါ်တွင် ပိုမိုတင်းကြပ်စွာ စီစစ်နိုင်စေရန် ပြုလုပ်ထားကြောင်း Microsoft က ထုတ်ဖေါ်  ပြောကြား ခဲ့သည်။

Bing သည် တရုတ် နှင့် အာရေဘီယန် ယဉ်ကျေးမှု အတွက် ပိုမို ကိုက်ညီအောင် စီစဉ် ထားခြင်း ဖြစ်ပြီး ထို နိုင်ငံများ ၏ လိင်မှုဆိုင်ရာ တင်းကြပ်သော စည်းမျဉ်းများနှင့် ကိုက်ညီ စေမည့် Filter စနစ် ကို အကောင်အထည် ဖော်ထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here