အိပ် မပျော်ခြင်းကြောင့် သွေးတိုး နိုင်ခြေများ

alt

အိပ်မပျော်သော ရောဂါ စွဲကပ်နေခြင်းသည် သွေးတိုး ရောဂါ ကို တိုးမြင့်စေကြောင်း ပညာရှင်များ က သတိပေး လိုက်သည်။

အမေရိကန် နိုင်ငံ၊ ချီကာဂိုရှိ ခရစ်စတန်အယ် နတ်ဆန် တက္ကသိုလ်မှ သုတေသီများက သက်ကြီးပိုင်း အရွယ် (၅၇၈) ဦးကို လေ့လာမှုများ (၅) နှစ် ကြာအောင် ပြုလုပ် ပြီးနောက် ယခု ကြေညာချက် ကို ထုတ်ပြန် ခဲ့သည်။ အိပ်ရေး မဝသော ညအရေအတွက် များပြား လာလေလေ၊ စိတ်ဖိစီးမှု တိုးပွား စေသည့် ဟိုမုန်းများ တိုးပွား လာလေလေ ဖြစ်ပြီး ထို ဟိုမုန်း သည် လူတစ်ဦး ၏ သွေးဖိအား ကို မြင့်မား လာစေသည်။ ထို့ကြောင့် လူအများ အနေ နှင့် အိပ်ရေး အပျက် မခံသင့်ကြောင်း နတ်ဆန် မှ ဆရာဝန်များ က ဆိုသည်။

အိပ်ရေးမဝသော သက်ကြီးပိုင်းများ သည် သမားရိုးကျ အခြေအနေ ထက် သွေးတိုး ရောဂါ ဖြစ်ပေါ် နိုင်ခြေ (၃၇) ရာခိုင်နှုန်းထိ များပြား နေတတ်ကြောင်း သုတေသီများ က ပြောကြား ခဲ့သည်။ ထို့အပြင် အသားရောင် ရင့်သောသူများ သည် အသားရောင် ဖျော့တော့သော သူများ ထက် သွေးတိုးမှု ပိုမို ဖြစ်ပေါ် နိုင်ကြောင်း လည်း သိရသည်။

ပညာရှင်များ က လူတစ်ဦး သည် တစ်နေ့လျင် (၆) နာရီမှ (၈) နာရီမျှ အထိ အိပ်စက် သင့်ပြီး ထို ပမာဏမျှ မအိပ်စက်လျင် အိပ်ရေးပျက် သော အနေအထား မျိုး သတ်မှတ် သင့်ကြောင်း ပြောကြား ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here