ဗြိတိန် စစ်တပ်တွင် မဟာဗြူဟာမြောက် ရိုင်ဖယ်သေနတ် သုံးမည်

alt

ဗြိတိန် တပ်မတော်သည် မဟာဗျူဟာမြောက် ရိုင်ဖယ် သေနတ် တမျိုး ကို တပ်ဆင် အသုံးပြုရန် ပြင်ဆင် နေကြောင်း သိရသည်။

အဆိုပါ XM25 အမည်ရှိ ရိုင်ဖယ်သည် ပုန်းကွယ်နေသော ရန်သူများ အား ထိမှန်အောင် ပစ်ခတ် နိုင်သည့် လေဆာစနစ် တပ်ဆင် ထားသည်။ သေနတ် မှ ထိရောက်စွာ ချေမှုန်း ပစ်ခတ် နိုင်သည့် အကွာအဝေး အတွင်း ပုန်းအောင်း နေသော မည်သည့် ရန်သူကို မဆို လေဆာ စနစ်က လိုက်လံ ရှာဖွေပြီး ချေမှုန်း နိုင်ကြောင်း သိရသည်။

ထို့အပြင် အမှန်တကယ် ပစ်ခတ်လိုသော ပစ်မှတ်၏ နံဘေး နှင့် အထက်ဘက်ရှိ အကာအရံ များကိုလည်း ဖျက်ဆီးပစ်ရန် အသုံးဝင်လှသည်။ (၂၅) မီလီမီတာ မျှသာရှိသော အာရုံခံ လေဆာချပ်လေး များအား သေနတ်အတွင်း တပ်ဆင်ထားပြီး ထိုစနစ်သည် ရန်သူကို ထောက်လှမ်းကာ ချေမှုန်းပစ်ရန် အသင့်ရှိအောင် ဆောင်ရွက်ထားသည်။

သေနတ်နှင့် ပတ်သက်သော သုတေသန လုပ်ငန်းများကို အမေရိကန် စစ်ဘက်က ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဗြိတိန် တပ်မတော်ကပါ အသုံးပြုတော့မည် ဖြစ်သည်။ ယခု သေနတ်အား ကိုင်ဆောင်ထားသူသည် အနီးရှိ တောအုပ်များအတွင်း ပုန်းအောင်းနေသော လက်ဖြောင့် သေနတ်သမားများကို လေကြောင်းပစ်ကူ မတောင်းခံဘဲ ချေမှုန်းနိုင်မည် ဖြစ်သည်။

အစွမ်းထက်သော အဆိုပါ လက်နက်သည် တစ်လက်လျှင် ပေါင် (၄၃၀၀၀) အထိ ကျသင့်ကြောင်း အမေရိကန် စစ်ဘက်က ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here