ရီကာဒို ကာကာ ရီးယဲလ် မက်ဒရစ် သို့ ရောက်ရှိ

alt

ကာလ အတန်ကြာ ညှိနှိုင်းမှုများ ပြီးဆုံး ချိန်တွင် ရီကာဒို ကာကာ တစ်ယောက် ရီးရဲလ် မက်ဒရစ်သို့ အပြီးသတ် ပြောင်းရွှေ့  သွားနိုင် ခဲ့ပြီ ဖြစ်သည်။

ရီးရဲလ် အသင်း ဥက္ကဌသစ် ဖလော်ရင်တီနို ပီရက်စ် ၏ ပေါင် (၅၆) သန်းတန် ကမာ္ဘ့ စံချိန်တင် ပြောင်းရွှေ့ ကြေးအား အီတလီ ကလပ် အသင်း အေစီမီလန် က လက်ခံ လိုက်ပြီး နောက် ဘရာဇီးသို့ ရောက်ရှိ နေသည့် ကာကာ မှာလည်း ဆေးစစ်မှုများ အပြီးသတ် ဆောင်ရွက်ခဲ့ပြီ ဖြစ်သဖြင့် ရီးရဲလ် အသင်း မှ တရားဝင် ကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အသက် (၂၇) နှစ် အရွယ် ဘရာဇီး လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်သည် ဥက္ကဌကြီး ပီရက်စ် စိတ်ကူးထားသော ဂလက်တီကို့စ် ခေါ် ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမားများ စုဖွဲ့ထားသည့် အသင်းကြီး အတွက် ပထမဆုံး ခေါ်ယူမှု လည်း ဖြစ်သည်။

နောက်ထပ်လည်း ပီရက်စ် အနေနှင့် ဖရန့်ရစ်ဘာရီ နှင့် ခရစ်စတီယာနို ရော်နာဒို တို့အား ခေါ်ယူဦးမည် ဖြစ်ကြောင်း သတင်းကြီးလျှက် ရှိနေသည်။ ကာကာ အား ခေါ်ယူခဲ့မှုနှင့် ပတ်သက်ပြီး ရီးရဲလ် ပရိသတ်က ကျေနပ် ပျော်ရွှင်နေသော်လည်း အေစီမီလန် အားပေးသူများ ကမူ အသင်းဘုတ် အဖွဲ့အား ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

ရီးရဲလ်အသင်း ကစားသမား များသည်လည်း ပီရက်စ်၏ ဈေးကွက် လှုပ်ရှားမှုများကြောင့် နေရာပျောက်မည်ကို စိုးရိမ်မှုများ မြင့်တက် လာခဲ့သည်။ စပိန် မီဒီယာများ၏ ဖော်ပြချက်အရ ပီရက်စ်သည် အသင်းမှ ကစားသမား အတော်များများကို ဖယ်ရှားပြီး အသွင်သစ် အသင်းတစ်ခု ဖွဲ့စည်းသွားရန် စိတ်ကူးနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here