Tattoo ထိုးသဖြင့် မီဂန်ဖော့စ် နှင့် မိခင်အကြား စကားများ

alt

Tattoo ထိုးသော အလေ့အထ အတွက် မီဂန်ဖော့စ် နှင့် သူမ ၏ မိခင်တို့ မကြာခဏ အမြင်ကွဲလွဲကာ စကားများ ကြရ ကြောင်း သိရှိ ရသည်။

Transformers ဇာတ်ကားမှ နာမည်ကျော် မင်းသမီးလေး က သူမ၏ ခန္ဓာကိုယ် တွင် Tattoo (၈) ခု ရှိနေပြီ ဖြစ်သော်လည်း သူမ၏ ညာဘက်လက် တခုလုံးတွင် Tattoo အပြည့် ထိုးထားချင် ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။

ထို ကိစ္စအား မိခင်ဖြစ်သူ ဒါလိန်း က အကြီးအကျယ် ကန့်ကွက်ပြီး ဖော့စ် ကိုလည်း အသေအချာ စဉ်းစား ပါရန် တောင်းပန် ထားသည်။ ဖော့စ်နှင့် နီးစပ်သူ အချို့က ဖော့စ်၏ မိခင် ဖြစ်သူ သည် သမီး က Tattoo ထိုးရန် ၀ါသနာပါမှု အတွက် မည်သည့်အခါမျှ နားလည်မှု မပေး နိုင်ကြောင်း ပြောကြား ခဲ့ ကြသည်။

ထို့အပြင် ဒါလိန်းက ဖော့စ် ၏ အသက်အရွယ် ကြီးရင့်လာချိန်တွင် သူမ ၏ Tattoo များကြောင့် မည်သူ ကမှ ရုပ်ရှင်ရိုက်ကူးရန် မကမ်းလှမ်း တော့မည်ကို ပူပန် လျှက် ရှိသည်။

သို့သော်လည်း ဖော့စ်ကမူ သူမ ၏ ပရိသတ်များ အတွက် သူမ ကိုယ်မှ Tattoo များကပင် ဆွဲဆောင်မှု တစ်ခု သဖွယ် ရှိနေပြီး နောက်ထပ်လည်း ထိုးသွားရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော် ၀န်ခံ ခဲ့သည်။

ဖော့စ်တို့ မိသားစုနှင့် ရင်းနှီးသူများ ကမူ ထိုကဲ့သို့သော ကိစ္စမျိုးဖြင့် သားအမိ နှစ်ယောက်ကြား မလိုလားအပ်သော သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here