ဗလီ အကြမ်းဖက် ပစ်ခတ်မှုအား ထိုင်း စစ်ဦးစီးချုပ် စုံစမ်းမည်

alt

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွား ခဲ့သော ဗလီတစ်ခု အကြမ်းဖက် တိုက်ခိုက် ခံရသော ကိစ္စ အား စုံစမ်းရန် ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် အနူပေါင် ပိုချင်ဒါ မှာ အခင်းဖြစ်ရာ ဒေသ သို့ ထွက်ခွာ သွားပြီ ဖြစ်သည်။

ဇွန်လ (၈) ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ရှိ နာရာသီဝပ် တွင်ရှိသော ဗလီတစ်ခုကို သေနတ်သမား (၅) ဦးက ရိုင်ဖယ် သေနတ်များဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့ရာ ၀တ်ပြု ဆုတောင်းသူ (၁၁) ဦး သေဆုံးပြီး (၁၂) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

အနူပေါင်  သည် ထို အရေးအခင်း အတွက် စစ်တပ် မှ တာဝန်ယူ ကြီးကြပ်မှုများ ပြုလုပ်ရန် ဘန်ကောက် မှ နာရာသီဝပ် သို့ သွားရောက် မည် ဖြစ်ကြောင်း အစိုးရ က ကြေညာ သည်။ ထိုပစ်ခတ်မှု အပြီး တွင် သေနတ်သမား များသည် အနီး ပတ်ဝန်းကျင် ရှိ တောအုပ်များ အတွင်း သို့ ကိုယ်ရောင်ဖျောက် လွတ်မြောက် သွားကြပြီး ထိုင်း တပ်မတော် က မြေလှန် ရှာဖွေမှုများ ပြုလုပ် လျှက် ရှိနေ သည်။

ထို သေနတ်သမား များသည် မည်သည့် အဖွဲ့အစည်းမှ ဖြစ်ကြောင်း ယခုတိုင် မဖော်ထုတ် နိုင်သေး သော်လည်း အခင်းဖြစ်ရာ ပတ်ဝန်းကျင်တွင် နေထိုင်သူများ ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေးများ က သုံးသပ် ထားသည်။ အဆိုပါ လက်နက်ကိုင် စစ်သွေးကြွ တိုက်ခိုက်ရေး သမားများ သည် ထိုင်း မွတ်ဆလင် နှင့် ထိုင်း ဗုဒ္ဓဘာသာဝင် များကြား သွေးထိုး ပေးရန် အတွက် ယခုလို တိုက်ခိုက်မှုမျိုး ဖန်တီး ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း အစိုးရ က ယုံကြည် နေလျှက် ရှိသည်။

ထိုနေ့ နံနက် ကလည်း အမည်မသိ လက်နက်ကိုင်များက ချံုခို တိုက်ခိုက်ခဲ့သဖြင့် နာရာသီဝပ် ခရိုင်မှ ပြည်သူတဦး အပြစ်မဲ့ သေဆုံး ခဲ့ရပြီး စစ်သား(၇)ဦး ဒဏ်ရာ ရရှိခဲ့သေးကြောင်း ဘန်ကောက် မှ လာသော သတင်းများ အရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here