အေးဂျင့် ၏ လုပ်ရပ်အား FBI ဒါရိုက်တာ ကာကွယ်ပြောကြား

alt

FBI အဖွဲ့မှ ဒါရိုက်တာဖြစ်သူ ရောဘတ်မြူလာ က ၎င်းတို့ အေဂျင့်သည် ဗလီများ အတွင်းသို့ သတင်း ထောက်လှမ်းမှုများ ပြုလုပ်နေသော လုပ်ရပ်အပေါ် ကာကွယ် ပြောဆိုလိုက်သည်။

မွတ်ဆလင် အဖွဲ့အစည်းများက ဗလီများ အတွင်း FBI အဖွဲ့က သတင်းပေးများ ထားရှိနေသည်ကို ကန့်ကွက် ခဲ့သော်လည်း မြူလာ က ဖြစ်ပေါ် လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများအား ကြိုတင် သိရှိနိုင်ရန် ကျင့်သုံးနေသည့် နည်းဗျူဟာ တစ်ခုသာ ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။

မစ်ချီဂန် မွတ်ဆလင် အဖွဲ့ကြီးက မကြာသေးမီက အမေရိကန် တရားရေး ၀န်ကြီးဌာနသို့ လိပ်မူကာ FBI တို့အနေနှင့် ဗလီများအတွင်း သူလျှိုများ ထည့်သွင်းမှု အပေါ် စုံစမ်းပေးပါရန် တောင်းဆိုခဲ့မှုအား မြူလာ က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

မစ်ချီဂန် မွတ်ဆလင် အဖွဲ့က FBI သည် လာရောက် ဝတ်ပြုသူများနှင့် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များ၏ အချက်အလက် များကို ထောက်လှမ်းနေကြောင်း၊ ထိုကိစ္စသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။ မြူလာက ၎င်းတို့သည် မည်သည့် နေရာတွင် စုံထောက်နေသည်ကို အဓိက မထားကြောင်း၊ မည်သည့် ကိစ္စကို စုံထောက်နေသည် ဆိုသော အချက်ကသာ ပဓာန ကျကြောင်း ပြောကြားခဲ့သည်။

FBI အနေနှင့် နိုင်ငံတော် လုံခြံုရေးကို ထိပါးလာနိုင်သော ကိစ္စများအတွက် သတင်း အချက်အလက်များ၊ အထောက်အထားများ ရရှိမည် ဆိုပါက ဗလီများ အတွင်းတွင် ထောက်လှမ်းမှုများ ပြုလုပ်ရန် တွန့်ဆုတ်နေမည် မဟုတ်ဟုလည်း မြူလာ က ပြတ်ပြတ်သားသား ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here