Apple iPhone 3G S မျိုးဆက်သစ် စောစီးစွာ ထွက်ရှိ

alt

ဇူလိုင်လတွင် ထုတ်ဝေရန် စီစဉ် ထားသော iPhone 3G S မျိုးဆက်သစ် ကို ဈေးကွက် တောင်းဆိုမှု ကြောင့် ဇွန်လ (၈) ရက် နေ့ တွင် Apple က စတင် ထုတ်ဝေ လိုက် သည်။

အဆိုပါ ဖုန်းကို အမေရိကန်တွင် စတင် ရောင်းချ လျက်ရှိပြီး ဗြိတိန်တွင် မူ ယခုလ (၁၉) ရက်နေ့မှ စတင် ၀ယ်ယူနိုင်မည် ဖြစ်သည်။ တတိယ မြောက် iPhone မော်ဒယ်လ် သည် Storage အားဖြင့် 16 GB နှင့် 32 GB ဟူ၍ (၂) မျိုးရှိလာပြီး ဈေးနှုန်းမှာ လည်း ယခင်ထက် ပိုမို သက်သာ လာခဲ့သည်။

ယခင် ဖုန်းအဟောင်း ကိုင်ဆောင်သူများ အား iPhone အသစ်ဖြင့် အခမဲ့ လဲခွင့် ပေးမည်ဖြစ်ပြီး ဖုန်း အသစ် ၀ယ်ယူသူများ သည် Storage ပမာဏအလိုက် (၁၉၉) ဒေါ်လာ နှင့် (၂၉၉) ဒေါ်လာမျှဖြင့် ၀ယ်ယူနိုင်မည် ဖြစ်သည်။ ထိုဖုန်းသည် ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန် လာသော Palm၊ Blackberry နှင့် Nokia တို့ ၏ Touchscreen ဖုန်းများ အား လွှမ်းမိုး သွားနိုင်ရန် Apple က ရည်ရွယ် ထားသည်။

iPhone တွင် အသုံးပြုထားသော ကင်မရာမှာ ပိုမို ကောင်းမွန်လာပြီး ဘက်ထရီ သက်တမ်းမှာလည်း ပိုမို တာရှည်ခံလာကြောင်း Apple ကဆိုသည်။ ထို့အပြင် အင်တာနက် အသုံးပြုခြင်း၊ Download ဆြွဲခင်းတို့တွင် လျှင်မြန်မှုမှာ ယခင်ထက် မြင့်မား လာခဲ့သည်။

လုံခြံုရေး ပိုင်းတွင်လည်း ဖုန်းပျောက်ဆုံး သွားသူသည် Apple ၀က်ဘ်ဆိုက် မှ တဆင့် ဖုန်းအား ခြေရာခံခြင်း၊ ပျောက်နေသော ဖုန်း အတွင်း မှ အချက်အလက်များ ကို ဖျက်စီးပစ်နိုင်ခြင်း စသည် တို့အား အလွယ်တကူ ပြုလုပ်နိုင်ကြောင်း သိရသည်။ ထို iPhone အသစ်သည် ဈေးကွက်တွင် ပိုမို တွင်ကျယ်စွာ ရောင်းချနိုင်ပြီး ပြိုင်ဘက်များကို အသာစီး ရယူနိုင်မည်ဟု Apple က မျှော်လင့်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here