မက္ကစီကို ကမ်းခြေ အပမ်းဖြေစခန်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

alt

ဇွန်လ (၆) ရက်နေ့က မက္ကစီကို နိုင်ငံ အကာပယ် ကို ကမ်းခြေရှိ အပမ်းဖြေ စခန်း တွင် စစ်တပ် နှင့် သေနတ် သမားများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူ(၁၈)ဦး သေဆုံးသွားကြောင်း သိရသည်။

ယခု ပစ်ခတ်မှု သည် ကမာ္ဘလှည့် ခရီးသည်များ ထူထပ်နေသော Paraiso ကမ်းခြေ ဟိုတယ်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများ တွင် သေနတ် သမားများ ရော၊ စစ်သားများ ပါ ပါ၀င် ခဲ့ကြသည်။

စစ်တပ်၏ အဆိုအရ ၎င်းတို့သည် မက္ကစီကိုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ဂိုဏ်းများ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု သိရပြီး လူ (၉) ဦးထက် မနည်းမှာလည်း ဒဏ်ရာများ ရရှိ သွားခဲ့သည်။ (၄) နာရီကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် လက်ပစ်ဗုံး အလုံးပေါင်း (၅၀) ကျော်ကို အသုံးပြု တိုက်ခိုက်ခဲ့ကြသည်။

စစ်ပွဲ သဏ္ဍန် ဖြစ်ပွားနေစဉ်တွင် ကမာ္ဘလှည့် ခရီးသည်များသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး သေဆုံးသူများတွင် ကမာ္ဘလှည့် ခရီးသည်များ ပါ၀င်ခြင်း မရှိခဲ့ပေ။ ပစ်ခတ်မှုများ အား ဟိုတယ် နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော အရပ်ဒေသ များမှပင်  အချိန်ကြာမြှင့်စွာ ကြားနေ ခဲ့ရကြောင်း သိရသည်။

တိုက်ပွဲ ပြီးဆုံးသဖြင့် အပြီးသတ် ရှင်းလင်းမှုများ စတင်ချိန်တွင် စစ်တပ်သည် သေနတ်သမား (၁၆) ဦးနှင့် စစ်သည် (၂) ဦး သေဆုံးကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ ထို့အပြင် ရိုင်ဖယ် နှင့်ပစ္စတို (၄၉) လက်၊ လက်ပစ်ဗုံး (၁၃) လုံး၊ RPG လောင်ချာ (၂) လက်နှင့် အတူ ကျည်ကဒ် (၃၀၀၀) မျှကိုလည်း ဖော်ထုတ် သိမ်းဆည်း နိုင်ခဲ့သည်။

ယခု ပစ်ခတ်မှုကြောင့် H1N1 တုပ်ကွေးကို ကြောက်သဖြင့် ကမာ္ဘလှည့် ခရီးသည် ၀င်ရောက်မှု ကျဆင်းနေသော မက္ကစီကို နိုင်ငံအတွက် ကြီးမားသော ထိခိုက်မှုတခု ဖြစ်လာခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here