ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် Sony Ericsson ဖုန်း နှစ်မျိုးထုတ်လုပ်

alt

အနာဂတ် ကာလတွင် ecology အတွက် အဓိက ထားပြီး recycling ပစ္စည်းများ ထုတ်လုပ်သွားမည့် အစီအစဉ် အတွက် Sony Ericsson က မိုဘိုင်းလ်ဖုန်း အမျိုးအစား နှစ်ခုကို တီထွင်ခဲ့သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဆောင်ရွက်သွားမည့် ကုမ္မဏီ၏ မူဝါဒအရ အဆိုပါ ဖုန်းများသည် စွန့်ပစ် ပစ္စည်းများကို အသုံးပြုပြီး တီထွင် နိုင်ခဲ့ခြင်းဖြစ်သည်။

Green Heart C901 နှင့် Naite ဟု အမည်ပေးထားသော ဖုန်းများမှာ ကင်မရာ၊ ဗီဒီယို Link၊ Bluetooth နှင့် WAP တို့ပါရှိပြီး YouTube နှင့် Google Map တို့ကို အသုံးပြုနိုင်သည်။ ထိုဖုန်းများအား CD စင် အဟောင်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း Sony Ericsson ကဆိုသည်။ သို့သော်လည်း ဖုန်းခွံတွင် အသုံးပြုထားသည့် ပလတ်စတစ် များမှာမူ စွန့်ပစ်ပစ္စည်း အသုံးပြုမှု (၅၀) ရာခိုင်နှုန်း အောက်သာရှိကြောင်း သိရှိရသည်။

သို့သော်လည်း အနာဂတ် ကာလတွင် စွန့်ပစ်ပစ္စည်းများကို အသုံးချပြီး ဖုန်းအသစ်များ ထုတ်လုပ်လာမည့် လုပ်ငန်းစဉ် အတွက် ယခု ဖုန်း(၂)လုံးသည် အရေးပါသော ခြေလှမ်းများအဖြစ် Sony Ericsson က ရှုမြင်ထားသည်။ ဖုန်းတွင် အသုံးပြုသည့် ဘက်ထရီ မှာလည်း လျှပ်စစ်ဓာတ်အား အနည်းငယ်ဖြင့် အားပြည့်အောင် တီထွင်ထားပြီး ဘက်ထရီ အတွင်း စွန့်ပစ်ပစ္စည်း ဖြစ်သည့် ကာဘွန်စက္ကူ (၁၅) ရာခိုင်နှုန်းထိ အသုံးပြုထားသည်။

ထို ဖုန်းများကို ယခု နှစ်ကုန်တွင် စတင် ရောင်းချသွားဖွယ် ရှိနေသည်။ Sony Ericsson က ၎င်းတို့အနေနှင့် (၂၀၁၅) ခုနှစ်တွင် ဖုန်းများရှိ Diode များမှ ထုတ်လွှတ်သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏကို (၂၀) ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ရည်မှန်းထားကြောင်း ကြေညာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here