အမေရိကန် ဂျာနယ်လစ် နှစ်ဦးအား မြောက်ကိုရီးယား ထောင်ဒဏ်ချမှတ်

alt

မြောက်ကိုရီးယား အစိုးရက ၎င်းတို့ ဖမ်းဆီး ထားသော အမေရိကန် အမျိုးသမီး သတင်းထောက် (၂) ဦးအား အလုပ်ကြမ်း နှင့် ထောင်ဒါဏ် (၁၂)နှစ်စီ ချမှတ် လိုက်ကြောင်း အစိုးရပိုင် CAN သတင်းဌာန က ဖော်ပြ ခဲ့သည်။

မြောက်ကိုရီးယား အထူး ခုံရုံးအဖွဲ့က လော်ရာလင် နှင့် အူနာလီတို့ (၂)ဦးကို နိုင်ငံ အတွင်း တရားမဝင် ရောက်ရှိလာမှု အတွက် ပြစ်မှု ထင်ရှားကြောင်း သတ်မှတ်ကာ ဇွန်လ (၈) ရက်နေ့က ယခုကဲ့သို့ နှစ်ရှည် ထောင်ဒါဏ် တရပ် ကျခံ စေရန် ဆုံးဖြတ် ခဲ့ကြောင်း CAN က ပြောကြား ခဲ့သည်။

အမျိုးသမီး (၂) ဦး တို့သည် တရုတ်နယ်စပ်အနီး မြောက်ကိုရီးယား နယ်မြေထဲတွင် မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးနေစဉ် မတ်လ အတွင်းက ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။ သူမ တို့ (၂) ဦးအား လွှတ်ပေးရန် အမေရိကန်က တောင်းဆိုခဲ့သော်လည်း နျူကလီးယား စမ်းသပ်မှုအတွက် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တင်းမာမှုများ ပေါ်ပေါက် လာပြီးနောက် မြောက်ကိုရီးယားက အထူးခုံရုံး တရပ် ဖွဲ့စည်းကာ (၅)ရက်မျှ အတွင်း အလျှင်အမြန် စစ်ဆေးပြီး ယခုပြစ်ဒဏ်အား ချမှတ် လိုက်ခြင်းဖြစ်သည်။

သတင်းထောက် (၂)ဦး၏ ပင်မ အဖွဲ့အစည်းဖြစ်သော Current သတင်းဌာန ကမူ မြောက်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီး သူမတို့ (၂)ဦး ပြန်လည် လွတ်မြောက်လာရေး အတွက် အသည်းအသန် ကြိုးပမ်း နေဆဲဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံတွင်မူ မြောက်ကိုရီးယား အစိုးရက မတရား ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက်များအား ပြန်လွှတ် ပေးပါရန် ဆန္ဒပြမှုများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here