အာဖရိက ခလေးငယ် မွေးစားရေး အစီအစဉ် မက်ဒေါနား လက်မလျှော့သေး

alt

အာဖရိက တိုက်မှ ကလေးငယ် တစ်ဦးကို မွေးစားနိုင်ရေး ရည်မှန်းချက်အား မက်ဒေါနား တစ်ယောက် လက်မလျှော့ သေးပေ။

မာလဝီ နိုင်ငံမှ မာစီဂျိမ်း အား မွေးစားခွင့် ရရေးကို ငြင်းဆန် ခံရပြီးနောက် အသက် (၅၀)အရွယ် Pop အဆိုတော်သည် လီဆိုသို နိုင်ငံဘက်သို့ မြှားဦး လှည့်သွားခဲ့ကြောင်း သိရသည်။

မက်ဒေါနား သည် မာစီအား မွေးစားခွင့် ရရေးအတွက် ဥပဒေကြောင်း အရ အရေးဆို ခဲ့သော်လည်း သူမသည် မာလဝီတွင် အနည်းဆုံး (၁၈)လ နေဖူးရမည် ဆိုသော ကန့်သတ်ချက်နှင့် မကိုက်ညီ သဖြင့် လက်လျှော့ ခဲ့ရသည်။

ယခုအခါ မက်ဒေါနားသည် လီဆိုသို နိုင်ငံအတွင်း သူမ မွေးစားရန် သင့်တော်မည့် ကလေးတစ်ဦးကို ရှာဖွေနေကြောင်း မိတ်ဆွေများက ဆိုသည်။ ယခု အခါတွင် အဆင်ပြေမည်ဟု မက်ဒေါနားက မျှော်လင့် ထားကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။

လီဆိုသို နိုင်ငံသည် အာဖရိကရှိ ကြပ်တည်းသော နိုင်ငံတစ်ခုဖြစ်ပြီး AIDSရောဂါ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေသည့် ဒေသလည်း ဖြစ်သည်။ မက်ဒေါနားနှင့် နီးစပ်သော အသိုင်းအဝိုင်းက သူမသည် စိတ်ရှည်သူ တစ်ယောက် မဟုတ်ကြောင်း၊ မာစီလေးအား ချစ်ခင်သော်လည်း မာလဝီ၏ ဥပဒေများက ပေရှည် နေမှုအပေါ် သည်းမခံကြောင်း ပြောဆိုခဲ့သည်။

သူမ အနေနှင့် လီဆိုသိုတွင် ချစ်စရာ ကလေးငယ်တစ်ဦး တွေ့ရှိမည်ဟု မျှော်လင့်လျှက် ရှိကြောင်း မက်ဒေါနား၏ မိတ်ဆွေများက ပြောကြားခဲ့သည်။ မက်ဒေါနားသည် (၂၀၀၆) ခုနှစ်အတွင်း ကလည်း မာလဝီမှ ဒေးဗစ် အမည်ရှိ ကလေးတစ်ဦးအား ခေါ်ယူ မွေးစားခဲ့သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here