အာဆင်နယ် မှ တိုရေး နှင့် မန်စီးတီး မှ မီကာရစ်ချတ် တို့ အလဲအထပ် ပြုလုပ်ဖွယ်

alt

အာဆင်နယ် အသင်းမှ ကိုလိုတိုရေး နှင့် မန်ချက်စတာ စီးတီးမှ မီကာ ရစ်ချတ်တို့သည် အသင်း(၂)သင်း၏ အပြန်အလှန် ပြောင်းရွှေ့မှုတွင် အလဲအထပ် အဖြစ် ပါ၀င် လာဖွယ်ရှိကြောင်း သိရသည်။

အာဆင်နယ် နည်းပြ အာစင်ဝင်ဂါ အနေနှင့် အေဂျက်အသင်းမှ ဘယ်ဂျီယံ လက်ရွေးစင် ဗဟိုခံစစ်မှူး သောမတ် ဗာမီလန်းကို ယူရို (၁၃)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိပြီးဖြစ်သလို မန်ချက်စတာ စီးတီးမှ အင်္ဂလန် လက်ရွေးစင်ဟောင်း ရစ်ချတ် ကိုလည်း စိတ်ဝင်စား နေခဲ့သည်။

ထို့့အတူ မန်ချက်စတာ စီးတီး ကလည်း တိုရေး ကို သဘောကျနေသဖြင့် နှစ်သင်းစလုံးက ကစားသမား အပြန်အလှန် လဲလှယ်ရန် ပြင်ဆင် လာခြင်းဖြစ်သည်။

အိုင်ဗရီကို့စ် လက်ရွေးစင် တိုရေး သည် ခြေစွမ်းပြနေသူ ဖြစ်သော်လည်း နည်းပြဝင်ဂါ နှင့် အဆင်မပြေဟု သတင်းများ ထွက်လျှက်ရှိသည်။ ထို့အတူ ရစ်ချတ် မှာလည်း ယခင်က ပေါင်သန်း (၂၀)ကျော်မျှထိ ဈေးပေါက်အောင် ခြေစွမ်း ထက်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် အရံခုံမှသာ အချိန်ကုန်နေပြီး ပေါက်ဈေးမှာ ပေါင် (၆)သန်းအောက်သာ ရှိတော့သည်။

၎င်းတို့ နှစ်ဦး၏ အပြောင်းအရွှေ့သည် ယခုနှစ် နွေရာသီ ဈေးကွက်တွင် အထမြောက် လာဖွယ်ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here