ကွန်ဖူးမင်းသားဟု လူသိများသော ဒေးဗစ် ကာရာဒင်း ဘန်ကောက်တွင် ကွယ်လွန်

alt

မြန်မာ့ တယ်လီဗေးရှင်း အစောပိုင်း ကာလများ တွင် ကွန်ဖူး စီးရီးဖြင့် လူသိများသော ဟောလီးဝုဒ် မင်းသား ဒေးဗစ် ကာရာဒင်းမှာ ယခင် အပါတ် ကြာသာပတေး နေ့က ဘန်ကောက် မြို့လည် ဝါယာလက် လမ်းရှိ ဆွိဆိုတယ်

နိုင်လဒ် ပန်းဥယျာဉ် ဟော်တယ်၌ သူ၏ luxury suite အခန်းတွင် သေဆုံးလျှက် တွေ့ရှိ ရသည်။

ကြာသာပတေးနေ့ နံနက်တွင် ဒေးဗစ် ကာရာဒင်း တည်းခိုရာ အခန်းတွင် အဝတ် အစားမဲ့နေသော သူ့အား ကြိုးဆွဲချလျှက် သေဆုံး နေသည်ကို တွေ့ရှိ ရသည် ဟု ဘန်ကောက်မြို့တော် မှုခင်း ရဲတပ်ဖွဲ့ မှ ဗိုလ်မှူးကြီး ဆွန်ပရာဆောင်း ရဲန်သူရန် မှ ပြောဆို လိုက်ကာ သေဆုံးမှု မှာ ယခု ထက်တိုင် အခြားသော မူ မမှန်သည့် သဲလွန်စများ မတွေ့ ရှိရသေးဟု ကြေညာ ထားခဲ့သည်။

ထိုသို့ ထိုင်းရဲတပ်ဖွဲ့ မှ ကြေညာလိုက်ခြင်း အပေါ် မကြေမနပ် ဖြစ်ရသည့် ဒေးဗစ် ၏ အကို ဖြစ်သူ ကိတ် ကာရာဒင်း မှာ ဒေးဗစ် ၏ ရှေ့နေ ဖြစ်သူ မတ်ဂရာဂို နှင့် တိုင်ပင်၍ FBI နှင့် အမေရိကား၌ ကျော်ကြားသော ပြင်ပ မှုခင်းဆိုင်ရာ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မိုက်ကယ်လ် ဘာဒင် အား အကူအညီ တောင်းထားရာ ဒေါက်တာဘာဒင်မှ သေမှုဆိုင်ရာ မဖြစ်မှီ လူတဦးတယောက် ပါဝင် ပတ်သက်မှု အရိပ်အယောင်များ ရှိနေသည်ဟု ထုတ်ဖေါ် ပြောဆိုလိုက်ရာမှ သံသယများ ပိုမို ကြီးထွားလာရသည်။

FBI ပြောရေး ဆိုခွင့် ရှိသူ လော်ရာ အီမီလာ မှလည်း စနေနေ့က မိမိတို့ အေဂျင်စီ ကို ဒေးဗစ်တို့ မိသားစု ဆက်သွယ်ထားပါကြောင်း၊ မိမိတို့မှာ ဘန်ကောက်ရှိ အမေရိကန် သံရုံးသို့ ညွှန်ကြားချက် ပေးထားပြီး ထိုင်း အစိုးရ ခွင့်ပြုချက် ရလျှင် မိမိတို့ အေဂျင်စီ အနေ နှင့် သေဆုံးသူ အသက် ရ၂နှစ် အရွယ်ရှိ မင်းသားကြီး ဒေးဗစ် ကာရာဒင်း၏ အမှုတွင် ဝင်ရောက် ကိုင်တွယ်ခွင့် တောင်းခံ ထားကြောင်း ဘန်ကောက် မှ လာသော အေပီ သတင်းများတွင် ဖေါ်ပြထားသည်။

ဒေးဗစ် ကာရာဒင်း နောက်ဆုံးရိုက်ကူး သွားသော ရုပ်ရှင်မှာ ယခင်လက ဖြန့်ချီသော ထရန်စပိုတာ ဇါတ်ကား နှင့် တဟုန်ထိုး နာမည်ရလာသည့် Jason Statham နှင့် အတူ ရိုက်ကူးသော ဇါတ်ကြမ်း Crank 2: High Voltage ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here