မြန်မာဗီဒီယို ဂျာနယ်လစ် မှတ်တမ်းရုပ်ရှင် အမေရိကန်နိုင်ငံ တဝှမ်း ရုံတင်ပြီ

alt

၂၀၀၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် တော်လှန်ရေး ဟု လူသိများသော ဗုဒ္ဓဘာသာ သံဃာတော်များ ဦးဆောင်သည့် မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှု  “ မြန်မာ ဗီဒီယို ဂျာနယ်လစ် ” အမည် မှတ်တမ်း ရုပ်ရှင်အား

 အမေရိကန် နိုင်ငံ တဝှမ်း နွေရာသီ ရုပ်ရှင်ကြည့် ကာလ ယခင် အပါတ် သောကြာနေ့ ညချမ်းမှ စတင် ဖြန့်ချီ ပြသနေပြီ ဖြစ်သည်။

ဒဲနစ် ဒါရိုက်တာ Anders Østergaard ရိုက်ကူး သော မြန်မာ ဗီဒီယို ဂျာနယ်လစ် ရုပ်ရှင်မှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆု ၄ဆု International Berlin Film Festival 2009 ( Human Rights Film Award )၊ Full Frame DOC Festival 2009၊ IDFA 2008 ( Joris Ivens Award ) ၊ နှင့် Sundance Film Festival 2009 ရရှိ ထားပြီး၊ အမေရိကန် နိုင်ငံ ပြည်နယ် ၂၀ ကျော်တွင် ယခင် အပါတ် မှ စတင် ဖြန့်ချီပြီး၊ ပြသချိန် ၁ နာရီ ၂၅ မိနစ် ကြာမြှင့်၍ မှတ်တမ်းတင် ရုပ်ရှင် အမျိုးအစား ဖြစ်သည်။

အနှစ် ၄၀ ကျော်ကြာ စစ်အာဏာရှင် ဖိနှိပ်မှု လက်အောက်တွင် နေထိုင်လာရသော တံခါးပိတ် နိုင်ငံတခု ဖြစ်သည့် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်မှု နှင့် ထပ်တူ သိန်းနှင့်ချီသော ပြည်သူအများ လမ်းမပေါ်သို့ ထွက်လာရာ အာဏာပိုင်များက နိုင်ငံတကာ သတင်းထောက်များ ပြည်ဝင်ခွင့် ပိတ်ထားခြင်း၊ အင်တာနက် အဆက်အသွယ် များအား ဖြတ်တောက်ပစ်ခြင်းတို့ ပြုလုပ်ရာ ပြည်တွင်းရှိ လွတ်လပ်သော အမျိုးသား ဂျာနယ်လစ်များမှ မိမိတို့ပိုင် လက်ကိုင်ကင်မရာ လေးများဖြင့် ဖြစ်ရပ်မှန်များကို ပြည်ပ ရှိ သတင်းဋ္ဌာနကြီးများ အချိန်မှီ သိရှိ တင်ဆက် နိုင်ရန် ပေးပို့ခြင်း ကို ရိုက်ကူး ထားခြင်း ဖြစ်သည်။

လှို့ဝှက် ပုလိပ်များ၊ ကိုယ်ရောင်ဖျောက် ထောက်လှမ်းရေးများ ခြေခြင်းလိမ်နေသည့် ကြားမှ မြေအောက် သဏ္ဍာန် နော်ဝေ နိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ထံ လှို့ဝှက် ပေးပို့သော အမည်မသိ ဗီဒီယို ဂျာနယ်လစ် ၃၀ ၏ ပေးပို့ထားသော ရုပ်သံဖိုင်များအား ဇါတ်လမ်း သဏ္ဍာန် တည်ဖြတ် တင်ဆက်ခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံ၊ အော်ရီဂန်ပြည်နယ်( Oregon )၊ ပို့တ်လန်း( Portland) မြို့လည်ရှိ Regal Fox Tower Stadium-10, ရုပ်ရှင်ရုံ တွင် ပြသနေသော “ မြန်မာဗီဒီယို ဂျာနယ်လစ် (Burma VJ) ” ရုပ်ရှင်အား သွားရောက် ကြည့်ရှုခဲ့သူ ဦးမောင်မောင် မှ လူထုအသံ သို့ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here