မြန်မာစစ်တပ် ထိုးစစ်ဆင်မှုကြောင့် ဒုက္ခသည် ထောင်နှင့်ချီ ထွက်ပြေးနေကြရ

alt

မြန်မာ စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှု ကြောင့် မြန်မာဒုက္ခသည် ထောင်နှင့် ချီပြီး ထွက်ပြေး နေရကြောင်း သိရှိရသည်။

မြန်မာ စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် သောကြောင့် ကရင်ဒေသခံ (၄၀၀၀) မျှသည် ထိုင်းနိုင်ငံ နယ်စပ် အခြမ်းဘက် သို့ တိမ်းရှောင် ထွက်ပြေး ခဲ့ရသည်ဟု နိုင်ငံတကာ ထောက်ပံ့ရေး NGO များက ယခင်အပါတ် က ပင်ပြောကြား ခဲ့သည်။

ဇွန်လ (၅)ရက်နေ့က စတင်ပြီး KNU တပ်ဖွဲ့များကို မြန်မာစစ်တပ် နှင့် ၎င်းတို့၏ မဟာမိတ်တပ် DKBA တို့က ပူးပေါင်း ထိုးစစ်ဆင်ခဲ့ရာ ကြားညပ်ခဲ့သော ရွာသူရွာသားများမှာ ထိုင်းဘက်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက ်ပုန်းအောင်းခဲ့ရသည်။

ကရင် ဒုက္ခသည် အများစုသည် ထိုင်းနိုင်ငံရှိ လာပါဟာ ဒုက္ခသည် စခန်းသို့ ရောက်ရှိလာခဲ့ကြောင်း Free Burma Rangers အဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။ ၎င်းအဖွဲ့က မြန်မာ စစ်တပ်များသည် အကာအကွယ်မဲ့ နေသော ရွာသူရွာသားများရှိရာ နေရာများသို့ မညှာမတာ ထိုးစစ်ဆင်ခဲ့ကြောင်း စွပ်စွဲထားသည်။

ထွက်ပြေးလာသူ အများစုသည် ၎င်းတို့ လက်လှမ်းမီရာ တပိုင်တနိုင် ပစ္စည်းလေးများကိုသာ သယ်ယူပြီး အသက်လု ထွက်ပြေး လာခဲ့ရကြောင်း Free Burma Rangers က ဆိုသည်။ မြန်မာ စစ်အစိုးရပိုင် မီဒီယာများ ကမူ အဆိုပါ ထိုးစစ်သတင်းအား ဖော်ပြမှု မရှိသေးဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here