အသင်း တိုက်စစ်အား ဆန်းဒါးလန်း နည်းပြ အဓိက ဖြည့်တင်းမည်

alt

ဆန်းဒါးလန်း၏ နည်းပြသစ် ဖြစ်လာသူ စတိဘရု က လာမည့် ရာသီအတွက် အသင်းတိုက်စစ်ကို အဓိက အားဖြည့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

ယခုအခါ ၎င်းတို့အနေနှင့် တော့တင်ဟမ် ဟော့စပါး အသင်းမှ အင်္ဂလန် တိုက်စစ်မှူး ဒါရင်းဘန့် နှင့် စပိန်ကလပ် ဗလန်စီယာ မှ လူထွား တိုက်စစ်မှူးကြီး နီကိုလက် ဇီဂစ်တို့ကို ကမ်းလှမ်းရန် ပြင်ဆင် နေသည်။

အသက် (၂၈)နှစ်ရှိ ဆာဘီးယား လက်ရွေးစင် ဇီဂစ်မှာ ဗလန်စီယာ အတွက် (၁၉)ပွဲတွင် (၁၃)ဂိုး သွင်းထားပေးသည့် တိုက်စစ်မှူးကောင်း တစ်ဦး ဖြစ်သော်လည်း ဘဏ္ဍာရေး အခြေအနေကြောင့် ၎င်းအား ရောင်းချသွားရန် ဗလန်စီယာက ပြင်ဆင်လာခြင်း ဖြစ်သည်။

ဆန်းဒါးလန်း သည် ပြီးခဲ့သော ပရီးမီးယားလိဂ် ရာသီအတွင်း ဂိုးသွင်း အားနည်းမှုနှင့် အတူ တန်းဆင်းဇုန် အနီး ရုန်းကန်ခဲ့ရသော အခြေအနေကို ပြင်ဆင်ရန်အတွက် အာစင်နယ်၊ အဲဗာတန်၊ အက်စတွန်ဗီလာ၊ ဘလက်ဘန်းရိုဗာ နှင့် စတုတ်စီးတီး အသင်းများက စိတ်ဝင်စားလျှက် ရှိသည့် ဇီဂစ် ကို ခေါ်ယူရန် ကြိုးပမ်းနေသလို တော့တင်ဟမ်မှ ဘန့် ကိုလည်း ပေါင်(၁၀)သန်းဖြင့် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here