ကွန်မြူနစ်စနစ် အဆုံးသတ်မှု နှစ်(၂၀)ပြည့် ပိုလန်နိုင်ငံတွင် ကျင်းပ

alt

ကွန်မြူနစ် လောင်းရိပ်အောက် မှ လွတ်မြောက်လာသော နှစ်(၂၀)ပြည့် အခမ်းအနား ကို ပိုလန်နိုင်ငံတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပိုလန်နိုင်ငံ ကရာကော့တွင် ကျင်းပသော အဆိုပါ အခမ်းအနား သည် တိုင်းပြည်အား တပါတီစနစ်ဖြင့် အုပ်ချုပ်လာသည့် ကွန်မြူနစ်တို့ ကျဆုံးပြီး ရွေးကောက်ပွဲများ ပြန်လည် စတင် နိုင်ခဲ့သော (၁၉၈၉)ခုနှစ်၊ ဇွန်လ (၄)ရက် နေ့ကို ရည်စူး ဂုဏ်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ပိုလန်သည် (၁၉၈၉) ခုနှစ်မှ စတင်ပြီး ပြည်သူတို့ ရွေးကောက် တင်မြှောက်သည့် သမတ အုပ်ချုပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပြီး ထိုနေ့ကို လုံးဝ မမေ့နိုင်ကြပါကြောင်း ကိုယ်တွေ့ ကြံုခဲ့သူ တစ်ဦးက ဆိုသည်။

ထိုနေ့သည် ကွန်မြူနစ် အစိုးရ လက်အောက်တွင် အထီးကျန် နေရှာသည့် ပိုလန်ပြည်သူများမှာ ဥရောပ တိုက်မကြီးနှင့် ရင်းနှီးနွေးထွေးစွာ ပြန်လည် ပေါင်းစည်းခွင့် ရခဲ့သော နေ့လည်းဖြစ်သည်။ ပိုလန်နိုင်ငံသည် (၁၉၄၉) ခုနှစ်မှစပြီး ကွန်မြူနစ်တို့ လက်အောက်သို့ ရောက်ရှိနေခဲ့ပြီး နှစ်(၄၀)လုံးလုံး တပါတီ အာဏာရှင်စနစ်၏ လောင်းရိပ် မိနေခဲ့ရသည်။

ဒုတိယ ကမာ္ဘစစ် နောက်ပိုင်း ကွန်မြူနစ်စနစ် ထွန်းကားခဲ့သည့် အရှေ့ ဂျာမနီတွင် ကြီးပြင်းခဲ့သူ ဂျာမန် ၀န်ကြီးချုပ် အန်ဂျလာ မာကယ် ကလည်း ပိုလန်လူမျိုးတို့၏ လွတ်လပ်ပျော်ရွှင်သော စိတ်ခံစားမှုကို ကူးစက် နားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ကွန်မြူနစ်တို့ လက်အောက်တွင် ပိတ်ဆို့နေသည့် တံခါးများ အားလုံးကို ဖွင့်ပစ်နိုင်အောင် ကြိုးပမ်းခဲ့သည့် ပိုလန် လူမျိုးတို့၏ လွတ်လပ်ရေးကို မြတ်နိုးသော စိတ်ဓာတ်ကိုလည်း ချီးကျူး လေးစားပါကြောင်း မာကယ်က ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here