လီဗာပူး နည်းပြ၏ ကစားသမား ခေါ်ယူရေး မျှော်လင့်ချက် ဆုံးရှုံးရဖွယ်

alt

လီဗာပူး အသင်း နည်းပြကြီး ရာဖေး ဘင်နီတက်စ် အနေ နှင့် အသင်း ၏ ကြီးမားသော ငွေကြေး အရှုံးပေါ်မှုကြောင့် ကစားသမား ခေါ်ယူရေး မျှော်လင့်ချက် ကို ဆုံးရှုံး ရဖွယ် ရှိနေသည်။

ဘင်နီတက်စ် သည် ၎င်းအသည်းအသန် အလိုရှိနေသော အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရတ်ဘယ်ရီ ကိုလည်း မန်ချက်စတာ စီးတီးနှင့် အပြိုင် ခေါ်ယူနိုင်ခဲ့ခြင်း မရှိသည့်အပြင် အသင်းမှာ ယခုကဲ့သို့ ငွေကြေးအရ ကြီးမားသော အရှုံးများ ပေါ်ပေါက်နေကြောင်း သိရှိလာသည့်အခါ အသင်းမှ ကစားသမား များကိုပင် ရောင်းထုတ်ရမည့် အနေအထား ရှိနေကြောင်း သိရှိ ရသည်။

စာရင်းများ အရ လီဗာပူး အသင်းသည် ပေါင်စတာလင် (၄၂.၆)သန်းထိ အရှုံးပေါ်ခဲ့သဖြင့် အသင်းပိုင်ရှင် တွမ်ဟစ် နှင့် ဂျော့ဂျီးလက် တို့မှာ လူသစ်ဝယ်ယူရေး ငွေကြေးထုတ်ပေးရန် လက်တွန့် လျှက်ရှိနေပြီး ဘင်နီတက်စ်က လက်ရှိ အနေအထားကို စိတ်ပျက်မိကြောင်း ၀န်ခံခဲ့ပြီး ၎င်းအနေ နှင့် ကားလို့ တီဗက်စ် အပါအဝင် ကစားသမားကောင်းများ ခေါ်ယူရေး မျှော်လင့်ချက်ကို လက်လွှတ် ရဖွယ် ရှိသွားပြီ ဖြစ်သည်။

ထို့အပြင် ငွေကြေးအရ ထိခိုက်မှု ကြီးမားနေသည့် အသင်းပိုင်ရှင်များက မန်ချက်စတာ စီးတီးနှင့် ရီးရဲလ် မက်ဒရစ် အသင်းများမှ စိတ်ဝင်စားနေသည့် ကွင်းလယ်လူ ဇာဘီအလွန်ဆို အား ရောင်းချသွားရန် ဘင်နီတက်စ်အား ဖိအား ပေးလာဖွယ်ရှိကြောင်း သတင်းများက သုံးသပ် ဖော်ပြ ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here