ရာနှင့်ချီသော အဖမ်းခံရမှု စံချိန်တင်သူ ဗြိတိန်နိုင်ငံသား

alt

ဗြိတိန်နိုင်ငံ ပို့မောက်မြို့ရှိ ပုဂ္ဂိုလ် တဦးသည် မေလ (၃၁) ရက်နေ့က ၎င်း ဖမ်းဆီး ခံရပြီးနောက် သူ၏ အဖမ်းခံရမှု စံချိန်သည် (၁၅၃) ကြိမ်မြောက် ဖြစ်လာ ခဲ့ကြောင်း ပို့မောက်ရှိ ဟမ့်ရှိုင်းယား ဒေသ ရဲတပ်ဖွဲ့က ပြောကြား လိုက်သည်။

၎င်းသည် ခိုးမှုကြောင့် ထောင်(၁)နှစ် ကျခံရပြီး ပြန်လွတ် လာသည့် တပါတ်မြောက် နေ့တွင် ယခုလို အဖမ်းခံရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က ပေါလ်ဘဲဝင်း သည် လူတစ်ဦးအား ထိုးကြိတ်ခဲ့သည့် အတွက် နောက်တစ်ကြိမ် အချုပ်ကျခံရန် ပစ်ဒဏ် ရှိနေသေးပြီး ဇွန်လ (၁)ရက်နေ့က ယင်းအား စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ပေါလ်က ၎င်းအနေနှင့် အရက်စွဲမှုနှင့် ကြံုတွေ့နေရပြီး ဒုက္ခ ကြံုနေပါကြောင်း တရားသူကြီးထံ အသနားခံ လျှောက်ထားခဲ့သည်။

တရားရုံးက ပေါလ် အတွက် အာမခံကြေးကို ဒေါ်လာ (၁၅၀၀) သတ်မှတ် ထားသော်လည်း မည်သူကမျှ အာမ မခံပေးသဖြင့် အချုပ်ထဲတွင်သာ နေနေရကြောင်း သိရှိရသည်။ အကယ်၍ ပေါလ် အနေနှင့် အာမခံ ရခဲ့ပါကလည်း သောက်စားမူးယစ် ရမ်းကား လွန်းသဖြင့် ညမထွက်ရ အမိန့်ထုတ် ခံရမည်ဖြစ်ကြောင်း တရားရုံးက ဆိုသည်။

မှတ်တမ်းများ အရ (၁၉၈၄) ခုနှစ် ကတည်းက ပထမဆုံးအကြိမ် စတင် အဖမ်းခံရပြီး ယခုအခါတွင် ပေါလ်ဘဲဝင်းမှာ (၁၅၃)ကြိမ် ရှိသွားပြီဖြစ်ကြောင်း ဖောရက်စ် ထုတ် Daily Democrat သတင်းစာက ရေးသား ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here