၁၃နှစ်အရွယ် အမျိုးသမီးငယ် ဒါဇင်ထက် မနည်း အဓမ္မ ပြုကျင့်ခံရမှု ဗြိတိန်ရဲအဖွဲ့ စုံစမ်းမှုပြုလုပ်

alt

ဇွန်လ (၂)ရက်နေ့တွင် ဗြိတိန် ရဲတပ်ဖွဲ့က လူ(၁၂)ဦး ထက်မနည်းမှ အဓမ္မ ပြုကျင့်မှုကို ခံခဲ့ရသည့် (၁၃)နှစ်အရွယ် အမျိုးသမီးလေး အတွက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း ကြေညာခဲ့သည်။

အဆိုပါ မှုခင်းသည် လိစ်မြို့ရှိ ဟဲဟေးစ် အရပ်တွင် မေလ (၃၀)ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သူမသည် လူတဒါဇင် (သို့မဟုတ်) ၎င်းထက် ပိုသော အရေ အတွက်ဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှု ငရဲခန်းကို ကြံုခဲ့ရဖွယ် ရှိကြောင်း ယုံကြည်ရသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ဖေါ် ကြေညာလိုက်သည်။ 

ရဲများက အမျိုးသမီးလေးသည် လူတစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရပြီး အခြားသူများ၏ မတရား ဆက်ဆံမှုကို ခါးစည်းခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထောက်ပြ ပြောကြားခဲ့သည်။ သူမသည် လိ(ဒ်)မြို့ လမ်းမများတွင် စိတ်ကယောင် ခြောက်ခြားဖြစ်ကာ လျှောက်သွားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ယခုအခါတွင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ စောင့်ရှောက်မှု အောက်တွင် နေထိုင်နေရရှာသည်ဟု သိရှိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် မသင်္ကာဖွယ် လူ(၅)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအခါ နောက်ထပ် စုံစမ်းမှုများ အပြီး မသတ်သေးခင် အာမခံဖြင့် ပြန်လွှတ်ထားပြီး၊ အဆိုပါ (၅)ဦးလုံးသည် အသက်(၁၇)နှစ်မှ (၂၀)ကြား လူငယ်များဖြစ်ကြောင်း သိရှိရသည်။

အနောက် ယော့ရှိုင်းယား ရဲဌာနက အမျိုးသမီးလေး အဓမ္မပြုကျင့်မှု ခံခဲ့ရသည့် နေရာဖြစ်နိုင်သော မြေပြင် အနေအထား(၂)ခုကို မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများက ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း ပြောကြားလိုက်ကာ ယခုမှုခင်းအား ဖော်ထုတ်နိုင်ရန် ရဲတပ်ဖွဲ့က မှုခင်း CID ၏ အကူအညီ ကိုလည်း ရယူသွားမည် ဖြစ်ကြောင်း ထုတ်ဖော ်ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here