ဂျော့ရှ်ကလူးးနီးလ် ရဲ့ ချစ်သူအသစ်

alt

ရည်းစား ထည်လဲထားသည့် မင်းသားကြီး ဂျော့ရှ်ကလူးနီးလ် တစ်ယောက် နောက်ထပ် ပစ်မှတ်တစ်ခု တွေ့ရှိထားပြီး ဖြစ်သည်။

၎င်းသည် လူစီဝူးဗက် ဆိုသည့် အသက် (၂၃)နှစ်အရွယ် လှပျိုဖြူလေးအား ဖလော်ရီဒါရှိ မီယာမီ ကမ်းခြေတွင် တွေ့ရှိပြီးနောက် ချစ်သူများ ဖြစ်ခဲ့ကြောင်း Globe မဂ္ဂဇင်းကြီးက ရေးသား ဖော်ပြခဲ့သည်။

လူစီသည် မီယာမီ ကမ်းခြေဟိုတယ်တွင် စားပွဲထိုးအဖြစ် ဆောင်ရွက် နေသူလေး ဖြစ်သည်။ သတင်း အချို့ကမူ အသက် (၄၈)နှစ်အရွယ် မင်းသားကြီးသည် Up In The Air ဇာတ်ကား ရိုက်ကူးနေစဉ် လူစီနှင့် တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ပြီး ၎င်းတို့၏ ချစ်သက်တမ်းမှာ (၂)လမျှ ကြာမြင့် နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

လူစီ၏ မိတ်ဆွေ အချို့က သူမသည် ယခုအခါ ကမာ္ဘပေါ်တွင် အပျော်ဆုံးလူ ဖြစ်နေကြောင်း ပြောကြားခဲ့ကြသည်။ ကလူးနီးလ် သည် လူစီအပေါ် ယုယကြင်နာပြီး ဇွန်လ (၃)ရက် နေ့ကလည်း မိတ်ဆွေများနှင့် အတူ လူစီ ကိုခေါ်ကာ လူမြင်ကွင်းတွင် ညစာအတူ စားခဲ့ကြောင်း Globe သို့ ပြောကြားခဲ့သည်။

သို့သော်လည်း ကလူးနီးလ် ၏ အကျင့်အရ လူစီအား အချိန်တန်လျင် အဆက်ဖြတ်သွားမည်ကို စိုးရိမ်ပါကြောင်း လူစီ၏ သူငယ်ချင်းများက ဆိုသည်။ Globe ကမူ လူစီသည် မင်းသားနှင့် ပိုမိုနီးနီးစပ်စပ် နေခွင့်ရရန်အတွက် လော့စ်အိန်ဂျယ်လိစ် မြို့တော်သို့ လိုက်ပါနေထိုင်ရန် ပြင်ဆင်နေကြောင်း ရေးသားဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here