iPhone 3.0 ဇူလိုင်လ အတွင်း ထုတ်လုပ်ဖွယ်ရှိ

alt

iPhone ၏ တတိယ မျိုးဆက်ဖြစ်သော iPhone 3.0 ကို နောက်လအတွင်း ထုတ်လုပ် သွားဖွယ်ရှိကြောင်း သိရသည်။

Apple အနေနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု ပြင်းထန်လာသော အခြေအနေ များကြောင့် နည်းပညာသစ်များ အသုံးပြုထားမည့် iPhone 3.0 အား အလျင်အမြန် ထုတ်ဝေသွားရန် ပြင်ဆင်နေသည်။

Developer များအတွက် OS ကိုလည်း လာမည့် သီတင်းပါတ် အတွင်း Download လုပ်ခွင့်ပေးရန် စီစဉ်ထားကြောင်း Apple မှ ကြီးမှူးကျင်းပသော Developer များတွေ့ဆုံ ဆွေးနွေးပွဲတွင် ကြေညာခဲ့သည်။

Wiered.com မှတဆင့် ဖြန့်ချီပေးမည့် iPhone 3.0 ၏ Roadmap ကို Developer များက လေ့လာပြီးနောက် အကောင်းဆုံး အနေအထား ရောက်အောင် မွမ်းမံမှုအချို့  ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး iPhone ကို ဇူလိုင်လ အစောပိုင်းတွင်ပင် ရောင်းချသွားရန် စဉ်းစားထားကြောင်း Apple က ကြေညာသည်။

iPhone 3.0 ၏ Handset များကို တရားဝင် မရောင်းချမီကတည်းက OS ကို ကြိုတင် ထုတ်ပေးသွားမည်ဟု iPhone ကဆိုသည်။ Apple က iPhone ၏ နောက်ဆုံး မျိုးဆက်မှာ ဖြန့်ချီရန် အသင့်ဖြစ်နေသည့်တိုင် Hardware အဆင့်မြှင့်တင်မှုများ လိုအပ်သလို ဆက်လုပ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ကုမ္မဏီ အနေနှင့် နာမည်ကျော် iPhone ၏ တတိယ မျိုးဆက်တွင် ပါ၀င်လာမည့် Feature သစ်များကို တရားဝင် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ထားဆဲဖြစ်ပြီး iPhone ချစ်သူများ အလွန် အကြိုက်တွေ့စေမည့် Touchscreen နည်းပညာသုံး Feature သစ်များကို ထည့်သွင်း ပေးထားကြောင်းသာ ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here